အိန္ဒိယဗဟိုအစိုးရထံ မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် မီဇိုရမ်အထက်လွှတ်တော်အမတ် Pu. C. Lalrosanga တောင်းဆို

အိန္ဒိယဗဟိုအစိုးရထံ မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် မီဇိုရမ်အထက်လွှတ်တော်အမတ် Pu. C. Lalrosanga တောင်းဆို

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ရောက်ရှိနေသော အိန္ဒိယအထက်လွှတ်တော်အမတ် Lok sabha MP Pu C. Lalrosanga က မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ၏ လိုအပ်ချက်များကို အမြန်ဆုံး ကူညီပံ့ပိုးဆောင်ရွက်ပေးရန် အိန္ဒိယဗဟိုအစိုးရထံ တောင်းဆိုခဲ့သည်။

Pu C.Lalrosanga သည် အိန္ဒိယနိုင်ငံ နယူးဒေလီရှိ Union Home Secretary (Border Management) Sanjeeva Kumar နှင့် Additional Home Secretary (North East) Piyush Goyal တို့ကို တွေ့ဆုံးခဲ့ပြီး ယခုလို မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင်များအရေးနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း Zonet သတင်းတွင် ဖော်ပြသည်။

Pu C.Lalrosanga က လက်ရှိ မီဇိုရမ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို တင်ပြခဲ့ပြီးနောက် စစ်ဘေးရှောင်များအတွက် လိုအပ်သည့် ကူညီထောက်ပံ့ မှုများဆောင်ရွက်ပေးရန်နှင့် ငွေကြေးအပြင် ဆေးဝါးများနှင့် အခြားလိုအပ်ချက်များ အကူအညီရရှိနိုင်သမျှ အမြန်ဆုံး ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...