Published
Wednesday, September 15, 2021
KNU ဝင်းရေးမြို့နယ်အုပ်ချုပ်မှုနယ်မြေရှိ စားဝတ်နေရေးခက်ခဲတဲ့ပြည်သူတွေကို တတိယအကြိမ်မြောက်ဆန်ထောက်ပံ့ပေးဝေ (စက်တင်ဘာလ ၁၅၊ ၂၀၂၁)
စစ်ရေးတင်းမာမှုဖြစ်ပေါ်ခဲ့တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်ကျေးရွာကနေ စစ်ကောင်စီတပ်တွေ ပြန်လည်ထွက်ခွာသွားတာကြောင့် ဒေသခံတွေအနေနဲ့ နေ့စဉ်လှုမှုဘဝအတွက် ပုံမှန်အတိုင်း ပြန်လည်လှုပ်ရှားနေပြီလို့ သိရပါတယ်။
KNU ၊ ဝင်းရေးမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ စားဝတ်နေရေးခက်ခဲတဲ့ပြည်သူတွေကို တတိယအကြိမ်မြောက် ဆန်တွေထောက်ပံ့ပေးဝေခဲ့တယ်လို့ သိရပါတယ်။
ကရင်ပြည်နယ်ထဲက စစ်ရေးပဋိပက္ခတွေထဲမှာ ကရင်နယ်ခြားစောင့်တပ်တွေက စစ်ကောင်စီတပ်တွေနဲ့ ပူးပေါင်းလို့ ဝေဖန်မှုတွေမြင့်တက်နေတဲ့အပေါ် မြေပြင်အခြေအနေတချို့မှာ ဝေဖန်မှုအတိုင်းမဟုတ်ဘူးလို့ BGF တာဝန်ရှိသူဘက်က ပြောဆိုပါတယ်။






