ကန်ပက်လက်နှင့် ဆောမြို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံး

ကန်ပက်လက်နှင့် ဆောမြို့အကြား တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ ၁၀ ဦးသေဆုံး

ချင်းပြည်နယ်၊ ကန်ပက်လက်နှင့် ဆောမြို့အကြား စက်တင်ဘာလ ၁၄ ရက်နေ့က CDF-Kanpetlet နှင့် စစ်ကောင်စီတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ၁၀ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြသည်ဟု CDF-Kanpetlet မှ ထုတ်ပြန်ထားသည်။

“မနေ့က ဆောနဲ့ ကန်ပက်လက်ကြားမှာ ဆောကနေတက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကန်ပက်လက်ဖက်ကနေ ကျွန်တော်တို့က ဖြတ်တိုက်တဲ့သဘောပါပဲ၊ စစ်ကောင်စီဖက်က ၁၀ ဦးထက်မနည်း ကျတာပေါ့၊ ဒီနေ့မှာတော့ ကျွန်တော်တို့ကို မြေပြင်အခြေအနေကို တိုက်ပွဲလက်တွေ့ဝင်နေတဲ့ ကျွန်တော်တို့စီကို သတင်းမပို့သေးဘူး၊ ထိတွေ့မှုတွေရှိတယ်လို့ပြောတယ်၊ အထိအခိုက်တွေ ဘယ်လိုဖြစ်တယ်ဆိုတာတွေကို မသိရသေးဘူး” ဟု CDF-Kanpetlet မှ ပြောရေးဆိုခွင့်ရှိသူက တစ်ဦးကပြောသည်။

CDF-Kanpetlet နှင့် စစ်ကောင်စီတို့အကြားတိုက်ပွဲတွင် စစ်ကောင်စီဖက်က လက်နက်ကြီးများဖြင့် အဆက်မပြတ် ရမ်းသမ်းပြီး ပစ်ခတ်မှုတွေရှိခဲ့သော်လည်း CDF-Kanpetlet ဘက်မှ အထိအခိုက်မရှိကြောင်းလည်း ထုန်ပြန်ချက်တွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ ညနေ ၅ နာရီအချိန်တွင်လည်း  CDF-Kanpetlet နှင့် စစ်ကောင်စီ ကန်ပက်လက်မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ ၃ ဦး သေဆုံးမှုရှိခဲ့သည်ဟု သိရပြီး ယနေ့ မနက်ပိုင်းတွင်လည်း ကန်ပက်လက်တွင် တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေပြီး တိုက်ပွဲအခြေအနေကို လတ်တလော မသိရှိရသေးပေ။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...