မီဇိုရမ်တွင် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်ဦးရေ တိုးလာ

မီဇိုရမ်တွင် ထွက်ပြေးတိမ်းရှောင်လာသူ စစ်ဘေးရှောင်ဦးရေ တိုးလာ

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်တွင်တည်ရှိသည့် Lungler ကျေးရွာတွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၀ ရက်နေ့က စစ်ကောင်စီတပ်နှင့် ချင်းအမျိုးသားတပ်ဦး CNA/CDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ဂျက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ပိုင်း တဖက်အိမ်နီးချင်း မီဇိုရမ်ပြည်နယ် ဘက်သို့ ထွက်ပြေးတိမ်ရှောင်းလာသူ စစ်ဘေးရှောင်ဦးရေ တစ်ရက်ပြီးတစ်ရက်တိုးလာနေပြီး လူဦးရေ ၂၀၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှာင်များမှာ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ် Champhai ခရိုင်၊ Hnahthial ခရိုင်နှင့် Lawngtlai ခရိုင်တို့တွင် ထွက်ပြေးတိမ်းရှောင်လာကြခြင်းဖြစ်သည်။

မီဇိုရမ်အစိုးရနှင့်ဒေသခံပြည်သူများက အစိုးရကျောင်း၊ ခန်းမများတွင်းထားရှိကာ လိုအပ်သော စားနပ်ရိက္ခာ၊ အဝတ်အစား၊ စောင်၊ ကျန်းမာရေးနှင့် ကိုဗစ်-၁၉ စစ်ဆေးမှုများပြုလုပ်ပေးခဲ့ကြပြီး စစ်ဘေးရှောင်များတွင် ကိုဗစ်-၁၉ ကိုးစက်ခံရသူ မရှိသေးကြောင်း The Aizawl Post တွင် ဖော်ပြသည်။

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်ဝင်ရောက်လာမှု တစ်ရက်ပြီးတစ်ရက် တိုးများလာသည့်အတွက် လူဦးရေ အတိအကျ မသိရှိနိုင်သော်လည်း Hnahthial ခရိုင်တွင် အများဆုံးဖြစ်ပြီး စစ်ဘေးရှောင် ၁၅၀၀ ကျော် ဝင်ရောက်နေပြီဖြစ်သည်။

စက်တင်ဘာ ၁၄ ရက်နေ့အထိ ရရှိထားသည့်စာရင်းအရ Hnahthial ခရိုင် Thingsai ကျေးရွာတွင် (၅၀၄)၊ Cherhlun ကျေးရွာတွင် (၁၀၅)၊ Ngharchhip ကျေးရွာတွင် (၁၀၃)၊ Ngharchhip ရွာသစ်တွင် (၃၀၀)၊ Khawhri ကျေးရွာတွင် (၈၀)၊ Tarpho ကျေးရွာတွင် (၈၀)၊ Chawngtui ကျေးရွာတွင် (၂၀) နှင့် Bualpui H တွင် (၁၀၀) ရှိသည်။

အိန္ဒိယ-မြန်မာနယ်စပ် Champhai ခရိုင်အတွင်း စစ်ဘေးရှောင် ၅၀၀ ကျော် ဝင်ရောက်လာကြောင်းလည်း သိရသည်။ ကျန်ဖိုင်းခရိုင် Farkawn ကျေးရွာတွင် (၁၀၆)၊ Vaphai ကျေးရွာတွင် (၁၈၄)၊ Khankawn ကျေးရွာတွင် (၆၁)၊ Dungtlang တွင် (၁၀)၊ Thekte တွင် (၅၁)၊ Thekpui တွင် (၄၆)၊ Khawbung တွင် (၃၄)၊ Khuangleng တွင် (၂၅) နှင့် Zawlsei တွင် (၃) ဦး ရှိကြောင်း သိရသည်။

လောင်တလိုင်မြို့နယ်တွင်လည်း စစ်ဘေးရှောင် မိသားစု (၂၀၄) လူဦးရေအားဖြင့် ၉၀၀ ခန့် ဝင်ရောက်လာပြီး ၄င်းအထဲတွင် သက်ကြီးရွယ်အိုနဲ့ကလေးသူငယ်အများအပြားပါကြောင်း သိရသည်။

လောင်တလိုင်မြို့နယ် Sangau (1) တွင် စစ်ဘေးရှောင် (၁၃၃)၊ Sangau (2) တွင် (၁၀၆)၊ Sangau (3) တွင် (၆၁)၊ Sangau (4) တွင် (၈၃)၊  Thaltlang တွင် (၄၂)၊ Sentet Fiang တွင် (၄၁)၊ Lungtian (1-2) တွင် (၃၃)၊ South Lungpher တွင် (၅၀)၊ Bualpui တွင် (၁၃၆)၊ Lungzarhtuma တွင် (၂၀)၊ Lungzarhtum Tlangpui တွင် (၃)၊ Vawmbuk တွင် (၇၅)၊ Archhung တွင် (၅၅), Tialdawngi Lung တွင် (၄၀) နှင့် Siachangkawn တွင် (၂၂) ဦးရှိသည်။

မီဇိုရမ်ပြည်နယ်အတွင်း ထပ်ပြီးတိမ်းရှောင်လာမဲ့ စစ်ဘေးရှောင်းအများအပြားရှိနေသေးကြောင်း သတင်းရရှိပြီး လက်ရှိအခြေအနေအရ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင် ၁၀၀၀၀ ကျော် ရှိနေပြီဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...