တပ်တွင်းကိုဗစ်လူနာသေဆုံးမှုဖြစ်ပွားပြီးနောက် မတူပီတမြို့လုံးကို ရက်အကန့်သတ်မရှိ Lockdown ချ

တပ်တွင်းကိုဗစ်လူနာသေဆုံးမှုဖြစ်ပွားပြီးနောက် မတူပီတမြို့လုံးကို ရက်အကန့်သတ်မရှိ Lockdown ချ

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားကာ သေဆုံးမှုရှိလာသောကြောင့် မတူပီတမြို့လုံးကို စက်တင်ဘာ ၁၃ ရက်နေ့ကစ၍ ရက်အကန့်အသတ်မရှိ Lockdown ချထားသည်ဟု သိရသည်။

“အခုမတူပီတော့ အကုန်လုံးကို ဒီနေ့ကစပြီး Lockdown ချထားတယ်၊ ကိုဗစ်ပိုးတွေ့များတဲ့အပြင် တယောက်လဲသေလို့ ရက်ကန့်သတ်တော့မရှိဘူး၊ ကိုဗစ်အခြေအနေက နည်းနည်းဆိုးနေတာ။ မနက်စျေးလည်းမရောင်းရဘူး။ ပြီးတော့ ဘယ်မှလည်းမသွားရဘူးဆိုပြီး၊ ဒီနေ့ ၁၄-၁၆ ရက်အထိ ကိုဗစ်ပိုးစစ်ဆေးပေးမှာ” ဟု မတူူပီဒေသခံ တစ်ဦးက ပြောသည်။

မတူပီမြို့ပေါ် ခလရ (၁၄၀) တပ်ရင်းတွင် တပ်သားတစ်ဦးနှှင့် ဇနီးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး ဇနီးဖြစ်သူမှာ စက်တင်ဘာ လ ၁၂ ရက်နေ့ကသေဆုံးသွားသည့်အတွက် တမြို့လုံးအား ရက်အကန့်အသတ်မရှိ Lockdown ချလိုက်ခြင်းဖြစ်သည်။

မတူပီမြို့တွင် စစ်ကောင်စီတပ် ခလရ(၁၄၀)၊ ခလရ (၃၀၄) နှင့် စစ်ဗျူဟာတပ်တို့ရှိပြီး တပ်တွင်းကိုဗစ်ကူးစက်မှုပြန့်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိလာသောကြောင့် မတူပီခရစ်ယာန်ဂိုဏ်ပေါင်းစုံမှဦးဆောင်ပြီး ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ပိုးရှိ၊မရှိ အ.ထ.က (၂) ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့ တွင်လက်ခံစစ်ဆေးပေးနေပြီး ယနေ့တွင် စန်ဘောင်ရပ်ကွက်၊ ၁၅-၁၆ ရက်နေ့တွင် အနောက်ခိုဘွေ၊ လောင်ပန်းနှင့် ငလားရပ်ကွက်တို့တွင် ထပ်မံ စစ်ဆေးပေးသွား မည်ကြောင်းလည်း မတူပီဒေသခံများထံမှ သိရသည်။

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၁ ဦးရှိခဲ့ပြီး ဆေးရုံမှဆင်းသွားသူ ၂ ဦးနှင့် ယမန်နေ့က တစ်ဦးသေဆုံးခဲ့သည်။

လက်ရှိတွင် ၈ ဦးကုသမှုခံယူလျှက်ရှိကာ ယခုပိုးတွေ့ ကိုဗစ်လူနာအများစုမှာ တင်ဒါကိစ္စဖြင့် ဟားခါးမြို့သို့ ခရီးသွားခဲ့သူများနှင့် ခရီးသွားရာဇဝင်ရှိသူများဖြစ်ကြပြီး နေမကောင်း၍ ဆေးခန်းပြရာမှ ကိုဗစ်ပိုးတွေ့ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...