တပ်တွင်းကိုဗစ်လူနာသေဆုံးမှုဖြစ်ပွားပြီးနောက် မတူပီတမြို့လုံးကို ရက်အကန့်သတ်မရှိ Lockdown ချ

တပ်တွင်းကိုဗစ်လူနာသေဆုံးမှုဖြစ်ပွားပြီးနောက် မတူပီတမြို့လုံးကို ရက်အကန့်သတ်မရှိ Lockdown ချ

ချင်းပြည်နယ်၊ မတူပီမြို့အခြေစိုက် ခလရ (၁၄၀) တပ်ရင်းတွင် ကိုဗစ်ကူးစက်မှုဖြစ်ပွားကာ သေဆုံးမှုရှိလာသောကြောင့် မတူပီတမြို့လုံးကို စက်တင်ဘာ ၁၃ ရက်နေ့ကစ၍ ရက်အကန့်အသတ်မရှိ Lockdown ချထားသည်ဟု သိရသည်။

“အခုမတူပီတော့ အကုန်လုံးကို ဒီနေ့ကစပြီး Lockdown ချထားတယ်၊ ကိုဗစ်ပိုးတွေ့များတဲ့အပြင် တယောက်လဲသေလို့ ရက်ကန့်သတ်တော့မရှိဘူး၊ ကိုဗစ်အခြေအနေက နည်းနည်းဆိုးနေတာ။ မနက်စျေးလည်းမရောင်းရဘူး။ ပြီးတော့ ဘယ်မှလည်းမသွားရဘူးဆိုပြီး၊ ဒီနေ့ ၁၄-၁၆ ရက်အထိ ကိုဗစ်ပိုးစစ်ဆေးပေးမှာ” ဟု မတူူပီဒေသခံ တစ်ဦးက ပြောသည်။

မတူပီမြို့ပေါ် ခလရ (၁၄၀) တပ်ရင်းတွင် တပ်သားတစ်ဦးနှှင့် ဇနီးထံ ကိုဗစ်ပိုးတွေ့ရှိခဲ့ကြပြီး ဇနီးဖြစ်သူမှာ စက်တင်ဘာ လ ၁၂ ရက်နေ့ကသေဆုံးသွားသည့်အတွက် တမြို့လုံးအား ရက်အကန့်အသတ်မရှိ Lockdown ချလိုက်ခြင်းဖြစ်သည်။

မတူပီမြို့တွင် စစ်ကောင်စီတပ် ခလရ(၁၄၀)၊ ခလရ (၃၀၄) နှင့် စစ်ဗျူဟာတပ်တို့ရှိပြီး တပ်တွင်းကိုဗစ်ကူးစက်မှုပြန့်နေသည်ဟုလည်း စုံစမ်းသိရှိရသည်။

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာများရှိလာသောကြောင့် မတူပီခရစ်ယာန်ဂိုဏ်ပေါင်းစုံမှဦးဆောင်ပြီး ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်ပိုးရှိ၊မရှိ အ.ထ.က (၂) ကျောင်းနှင့် ပြည်သူ့ဆေးရုံတို့ တွင်လက်ခံစစ်ဆေးပေးနေပြီး ယနေ့တွင် စန်ဘောင်ရပ်ကွက်၊ ၁၅-၁၆ ရက်နေ့တွင် အနောက်ခိုဘွေ၊ လောင်ပန်းနှင့် ငလားရပ်ကွက်တို့တွင် ထပ်မံ စစ်ဆေးပေးသွား မည်ကြောင်းလည်း မတူပီဒေသခံများထံမှ သိရသည်။

မတူပီမြို့တွင် ကိုဗစ်ပိုးတွေ့လူနာ ၁၁ ဦးရှိခဲ့ပြီး ဆေးရုံမှဆင်းသွားသူ ၂ ဦးနှင့် ယမန်နေ့က တစ်ဦးသေဆုံးခဲ့သည်။

လက်ရှိတွင် ၈ ဦးကုသမှုခံယူလျှက်ရှိကာ ယခုပိုးတွေ့ ကိုဗစ်လူနာအများစုမှာ တင်ဒါကိစ္စဖြင့် ဟားခါးမြို့သို့ ခရီးသွားခဲ့သူများနှင့် ခရီးသွားရာဇဝင်ရှိသူများဖြစ်ကြပြီး နေမကောင်း၍ ဆေးခန်းပြရာမှ ကိုဗစ်ပိုးတွေ့ခဲ့ကြသူများဖြစ်ကြောင်း သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...