ထန်တလန်မြို့နယ် Lungler တပ်စခန်းကို CNA/CDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ထန်တလန်မြို့နယ် Lungler တပ်စခန်းကို CNA/CDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ကျေးရွာ Lungler တပ်စခန်းကို ချင်းအမျိူးသားတပ်မတော် CNA/CDF ပူးပေါင်းတပ်က စက်တင်ဘာလ ၁၁ ရက်ညက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးသည်ဟု CDF- Thantlang က ယနေ့ထုတ်ပြန်သည်။

CNA/CDF ပူးပေါင်းတပ်ဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့က Lungler ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို အင်အား ၂၀၀ ကျော်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်အသုံးပြုကာ ဝေဟင်မှပစ်ခတ်ခဲ့သော ကြောင့် ဆုတ်ခွါခဲ့ကြသည်ဟု သိရသည်။

ထာက် စက်တင်ဘာလ ၁၁ ရက်ည ၇ နာရီ ၄၅ မိနစ်တွင် CNA/CDF အင်အား ၄၀၀ ဝန်းကျင်ဖြင့် ပြန်လည်တိုက်ခိုက်ရဲ့ရာ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးကာ CNA/CDF ဘက်မှ အကျဆုံးမရှိဘဲ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအထိရှိခဲ့သည်ဟု CDF-Thantlang ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

CNA/CDF အနေဖြင့် Lungler တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းစည်းပြီးနောက် စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

 
 

 

 

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...