ထန်တလန်မြို့နယ် Lungler တပ်စခန်းကို CNA/CDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ထန်တလန်မြို့နယ် Lungler တပ်စခန်းကို CNA/CDF ပူးပေါင်းတပ်ဖွဲ့သိမ်းပိုက်

ချင်းပြည်နယ် ထန်တလန်မြို့နယ် အိန္ဒိယ-မြန်မာနယ်စပ်ကျေးရွာ Lungler တပ်စခန်းကို ချင်းအမျိူးသားတပ်မတော် CNA/CDF ပူးပေါင်းတပ်က စက်တင်ဘာလ ၁၁ ရက်ညက သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံးသည်ဟု CDF- Thantlang က ယနေ့ထုတ်ပြန်သည်။

CNA/CDF ပူးပေါင်းတပ်ဖွဲ့သည် စက်တင်ဘာလ ၁၀ ရက်နေ့က Lungler ကျေးရွာရှိ စစ်ကောင်စီအခြေစိုက်တပ်စခန်းကို အင်အား ၂၀၀ ကျော်ဖြင့် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ တိုက်လေယာဉ်အသုံးပြုကာ ဝေဟင်မှပစ်ခတ်ခဲ့သော ကြောင့် ဆုတ်ခွါခဲ့ကြသည်ဟု သိရသည်။

ထာက် စက်တင်ဘာလ ၁၁ ရက်ည ၇ နာရီ ၄၅ မိနစ်တွင် CNA/CDF အင်အား ၄၀၀ ဝန်းကျင်ဖြင့် ပြန်လည်တိုက်ခိုက်ရဲ့ရာ ည ၉ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၂ ဦး သေဆုံးကာ CNA/CDF ဘက်မှ အကျဆုံးမရှိဘဲ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးအထိရှိခဲ့သည်ဟု CDF-Thantlang ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

CNA/CDF အနေဖြင့် Lungler တပ်စခန်းမှ လက်နက်ခဲယမ်းများသိမ်းစည်းပြီးနောက် စခန်းအားမီးရှို့ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။

 
 

 

 

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...