လှိုင်သာယာ အဝေးထိန်းဗုံးပေါက်ကွဲမှု ရဲ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

လှိုင်သာယာ အဝေးထိန်းဗုံးပေါက်ကွဲမှု ရဲ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
လှိုင်သာယာ အဝေးထိန်းဗုံးပေါက်ကွဲမှု ရဲ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ
လှိုင်သာယာ အဝေးထိန်းဗုံးပေါက်ကွဲမှု ရဲ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ရန်ကုန်လှိုင်သာယာရှိ တရုတ်နိုင်ငံသားပိုင် စက်ရုံကို စက်တင်ဘာ ၁၁ ရက်နေ့က အဝေးထိန်း ဗုံးသုံးလုံးဖြင့် ဆယ်မိနစ်ခြားတစ်ကြိမ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးဒဏ်ရာရရှိကြောင်း လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့သည် သောင်ကြီးရဲစခန်းအနီးရှိ တရုတ်နိုင်ငံသားပိုင် ရိုရှီဖိနပ်စက်ရုံကို အဝေးထိန်းဗုံးသုံးလုံးဖြင့် ၁၀ မိနစ်ခြားတစ်ခါ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်။

ထိုပေါက်ကွဲမှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးနိုင်ပြီး ၆ ဦးထက်မနည်း အပြင်းအထန် ထိခိုက်ခဲ့သည်ဟု လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့ကလည်း လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်၊ အမှတ် ၉ ရပ်ကွက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် အထည်ချုပ်စက်ရုံကို လှိုင်သာယာ မြို့ပြပြောက်ကျားတပ်ဖွဲ့ (Civil Guerrilla Force–HTY) အဖွဲ့က တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

ထို့အတူ ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ လျှပ်စစ်မီတာရုံးရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား ရောက်ရှိနေကြောင်း လှိုင်မြို့နယ်၊ ဘူတာရုံလမ်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

ဘူတာရုံလမ်းအတွင်း နေထိုင်သူတစ်ဦးက “သူတို့ လူဝင်ဖမ်းတဲ့အချိန် ပေါက်တာ။ လူထိခိုက်တာတော့ မရှိဘူး။ လူငယ် ၄ ယောက်တော့ အဖမ်းခံရတယ်ကြားတယ်” ဟု ပြောသည်။

ထိုသို့ ပေါက်ကွဲမှုမဖြစ်ပွားမီ ရန်ကုန်-အင်းစိန်လမ်းမကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပိတ်လိုက်ရာ ထိုသို့ လမ်းပိတ်ထားသည့်အချိန်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု လှိုင်မြို့နယ်၊ ဘူတာရုံလမ်းအတွင်း နေထိုင်သူများက ပြောသည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...