မိုးရွာသွန်းမှုနှင့် စစ်ဆေးမှုများကြောင့် ရန်ကုန်နေရာအချို့ လမ်းကြောပိတ်

မိုးရွာသွန်းမှုနှင့် စစ်ဆေးမှုများကြောင့် ရန်ကုန်နေရာအချို့ လမ်းကြောပိတ်

စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် ရွာသွန်းခဲ့သည့်မိုးကြောင့် ရန်ကုန်မြို့ ကားလမ်းအချို့ ရေကြီးရေလျှံမှုဖြစ်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်များကြောင့် ခရီးသွားပြည်သူများ အခက်အခဲဖြစ်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

မွန်းလွဲ တစ်နာရီခန့်က ရွာသည့်မိုးကြောင့် ရွှေဂုံတိုင်လမ်းမကြီး၊ အင်းစိန်လမ်းမကြီး၊ သမိုင်းလမ်းဆုံ၊ ဘူတာရုံလမ်း၊ ရွာမကျောင်းလမ်း၊ ကမာရွတ်ခိုင်ရွှေဝါလမ်းတို့တွင် ပေါင်းရင်းခန့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ကြောင်း အသက် ၃၀ အရွယ် အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

စမ်းချောင်းဘက်တွင် ညနေပိုင်းက စစ်ကောင်စီကင်းလှည့်ကားတစ်စီး တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များ၏ ပိတ်ဆို့ရှာဖွေမှုကြောင့် တက္ကစီများ၊ ကိုယ်ပိုင်ကားများ၊ YBS များ ပုံမှန်မဟုတ်သည့် လမ်းကြောင်းများမှ လမ်းကြောင်းရှာပြီး သွားခဲ့ရသည်ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကမ်းနားလမ်းမကြီး၊ အောက်ကြည့်မြင်တိုင်လမ်းကြီး မြို့ထဲဘက်သွားသည့် ကားများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက စစ်ဆေးနေသကဲ့သို့ ဗိုလ်ချုပ်လမ်း၊ ကမ္ဘာအေးဘုရားလမ်း၊ သမ္မတရုံအနီးတဝိုက်တွင် ကားများကို သွားလာခွင့်မပြုပဲ ပိတ်ဆို့ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ကမာရွတ်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

”မျက်နှာချင်းဆိုင်ကလာတဲ့ ကားတွေက ရှေ့မှာစစ်နေကြတယ်။ ပြန်လှည့်ဖို့ လက်နဲ့အချက်ပြတယ်။ ရှေ့ဘက်မှာ အဝါရောင်အတန်းသုံးတန်းတားပြီး ပိတ်ထားတာ အားလုံး နောက်ပြန်လှည့်ခိုင်းတယ်“ ဟု ၎င်းကပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှုဦးစီးဌာန (နေပြည်တော်) ကမ္ဘာအေး တာဝန်ရှိသူတစ်ဦးက “ရေကြီးရေလျှံတာတွေတော့ ဖြစ်သွားတယ်။ စံချိန်တင်မိုးရေချိန်တော့မဟုတ်ဘူး” ဟု ပြောသည်။

ယနေ့ ရန်ကုန်မြို့ လယ်ရွာသည့်မိုးသည် ၉၂ မီလီမီတာ (၃ ဒဿမ ၅၁ လက်မ) ရှိပြီး ယခင်က ၅ လက်မ၊ ၆ လက်မအထိ ရန်ကုန်မှာ မိုးရွာဘူးကြောင်း ကမ္ဘာအေး မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှုးဌာနက တာဝန်ရှိသူက ပြောသည်။

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...