ဇရပ်လှ NLD အုပ်ချုပ်ရေးမှူးအိမ် ပါဆယ်ဗုံးပေါက်၊ မိသားစုဝင်များ ဒဏ်ရာရ

ဇရပ်လှ NLD အုပ်ချုပ်ရေးမှူးအိမ် ပါဆယ်ဗုံးပေါက်၊ မိသားစုဝင်များ ဒဏ်ရာရ

ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ် ဇရပ်လှကျေးရွာရှိ NLD ပါတီဝင် အုပ်ချုပ်ရေးမှူးဟောင်း၏ နေအိမ်တွင် ပါဆယ်ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ မိသားစုဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

"ပါဆယ်ထုပ်ကိုယူထားပြီး သိပ်မကြာခင်မှာပဲ ထပေါက်တာလို့ သိရတယ်။ အကိုမျိုးမင်းသိန်းရော မိသားစုတွေ ဒဏ်ရာရကြတယ်၊ ဒဏ်ရာပြင်းတယ်" ဟု မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ဇရပ်လှကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်းနှင့် NLD ပါတီဝင်ဟောင်းဖြစ်သူ ဦးမျိုးမင်းသိန်းခေါ် ဦးကုလားကြီး၏နေအိမ်သို့ အမည်မသိသူတစ်ဦးက လာရောက်ပို့ဆောင်သည့် ပါဆယ်ထုပ်အတွင်းမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

"သူ (ဦးမျိုးမင်းသိန်း) က NLD ပါတီဝင်ပါ။ စစ်တပ်အာဏာသိမ်းတော့ ရွာအုပ်ချုပ်ရေးမှူးတာဝန်က နုတ်ထွက်သွားသူပါ" ဟု ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်းအချိန်ကလည်း ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးရှေ့တွင် ဗုံးနှစ်လုံး ၁၅ မိနစ်ခန့်ခြား၍ ပေါက်ကွဲခဲ့သည့်ဖြစ်စဉ်လည်း ရှိခဲ့သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...