သတင်းသမားနှစ်ဦးအား အမှုထပ်တိုးတရားစွဲ

သတင်းသမားနှစ်ဦးအား အမှုထပ်တိုးတရားစွဲ

သတင်းစာဆရာ ဦးစည်သူအောင်မြင့်နှင့် အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်တို့ကို စက်တင်ဘာလ ၃ ရက်နေ့တွင် အမှုထပ်တိုးပြီး တရားစွဲတင်ထားသည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

သတင်းစာဆရာ ဦးစည်သူအောင်မြင့်ကို ပုဒ် ၅၀၅ (က) ဖြင့် နောက်တစ်မှု ထပ်တိုးဖွင့်ထားပြီး အလွတ်တန်းသတင်းထောက် မထက်ထက်ခိုင်ကိုလည်း ပုဒ်မ ၅၀၅ အပြင် ပုဒ်မ ၁၇ (၁) ဖြင့်ပါ စက်တင်ဘာ ၃ ရက်တွင် တရားစွဲတင်ထားကြောင်း ရှေ့နေဦးခင်မောင်မြင့်က ပြောသည်။

ဦးစည်သူအောင်မြင့်ကို ဗဟန်းမြို့နယ်တရားရုံးတွင် တပ်မတော်အကြည် အညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲတင်ထားရာမှ ပုဇွန်တောင်ရဲစခန်းတွင် ပုဒ်မ ၅၀၅ နှင့် ထပ်မံဖွင့်ခြင်းခံရ၍ ၅၀၅ ဖြင့် နှစ်မှုဖြစ်သွားပြီဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

“ဦးစည်သူအောင်မြင့်ကို ပုဒ်မ ၁၂၄ နဲ့ အမှုဖွင့်ထားတာတော့မရှိဘူး။ ဒါပေမယ့် ပုဒ်မ ၅၀၅ နဲ့ပဲ ပုဇွန်တောင်စခန်းမှာ အမှုထပ်ဖွင့်ထားတယ်။ တရားတော့ စွဲမတင်ရသေးဘူး။ အဲ့ဒီတော့ ဦးစည်သူအောင်မြင့်က ၅၀၅ နှစ်မှုဖြစ်သွားတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က ပြောသည်။

ယခုခါ ဦးစည်သူအောင်မြင့်ကို အင်းစိန်ထောင်ကိုပို့ထားကြောင်း ရှေ့နေကပြောသည်။

မထက်ထက်ခိုင်ကိုလည်း ဗဟန်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲထားရာမှ မင်္ဂလာတောင်ညွှန့်မြို့နယ် တရားရုံးက မတရားအသင်း ဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့ဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်ကိုပို့ထားကြောင်း ရှေ့နေဦးခင်မောင်မြင့်က ဆက်ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ တတိယပတ်အတွင်းက သတင်းစာဆရာ ဦးစည်သူအောင်မြင့်သည် ၎င်းတိမ်းရှောင်နေသည့် ရန်ကုန်တိုက်ခန်းတစ်ခုတွင် အဖမ်းခံခဲ့ခြင်းဖြစ်ပြီး ၎င်းသည် VOA နှင့် Frontier သတင်းဌာနတို့တွင် ဆောင်းပါးများ ရေးသားလျက်ရှိသည့် ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာတစ်ဦး ဖြစ်သည်။

မထက်ထက်ခိုင်သည် Federal FM တွင် Volunteer Editor အဖြစ် ဆောင်ရွက်နေခြင်းကြောင့် မတရားအသင်းဆက်သွယ်မှု ဥပဒေ ပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုခံရခြင်းဖြစ်ဟု သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စက်တင်ဘာလ ၇ ရက်နေ့အထိ မြန်မာနိုင်ငံတဝှမ်း ဖမ်းဆီးခံရသည့် သတင်းထောက် ၉၇ ယောက်ရှိပြီဖြစ်သည်ဟု ပြည်တွင်းအခြေဆိုက် သတင်းထောက်များက ပြုစုထားသည့် Detained Journalists Information Myanmar ၏ စာရင်းများအရ သိရသည်။

 
 

 

 

May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...
May 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်သည် အမျိုးသားညီညွတ်ရေး...