Published
Monday, September 06, 2021
အမျိုးသားညီညွတ်ရေး ယာယီ အစိုးရ NUG ကို အဖက်ဖက်က ပံ့ပိုးကူညီသွားမယ်လို့ KNU Concerned Group ထုတ်ပြန်ပြောဆို
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်မြောက်ပိုင်းမှာ MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
ရှမ်း- ကရင်နီနယ်စပ် လွိုင်လင်လေးဘက်မှာတော့ ကရင်နီတပ်မတော် (KA) , ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ KNDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ပွဲတွေဖြစ်နေပါတယ်။
ကရင်အမျိုးသားအစည်းအရုံး ဒု-ဥက္ကဋ္ဌဟောင်း နော်စီဖိုးရာစိန် ဦးဆောင်တဲ့ KNU Concerned Group က အမျိုးသားညီညွတ်ရေး ယာယီ အစိုးရ NUG ကို အဖက်ဖက်က ပံ့ပိုးကူညီသွားမယ်လို့ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။






