“ဒလန်” မောင်မောင်မြင့်ကိုသတ်ကြောင်း DGWCF ကြေညာ

“ဒလန်” မောင်မောင်မြင့်ကိုသတ်ကြောင်း DGWCF ကြေညာ

ကန်ကြီးထောင့်မြို့မှ ဒလန်ဆိုသူ ဦးမောင်မောင်မြင့်အား သေနတ်ဖြင့်ပစ်သတ်မှုမှာ ၎င်းတို့လက်ချက်ဖြစ်ကြောင်း မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစု DGWCF က ထုတ်ဖော်ပြောဆိုသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို စစ်ကောင်စီထံ တိုက်ရိုက်သတင်းပေး၍ ပြည်သူများကို ဒုက္ခပေးနေသော ဦးမောင်မောင်မြင့်အား ရှင်းလင်းသုတ်သင်လိုက်ကြောင်း သြဂုတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် DGWCF အဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် သတင်းထုတ်ပြန်သည်။

"မောင်မြင့်သည် ကန်ကြီးထောင့်မြို့ ဗုံးပေါက်ကွဲမှုနဲ့ပတ်သက်၍ မြို့နေလူငယ်တွေကို ဖမ်းဖို့ သတင်းပေးသူ၊ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလအတွင်း ပုသိမ်မှ စစ်တပ်ထောက်ခံပွဲအပြီး ကန်ကြီးထောင့်ကို ပြန်လာခဲ့ရာမှာ အပင်နှစ်ဆယ်ကျေးရွာအနီးမှာ လက်သုံးချောင်းထောင်ပြခဲ့တဲ့ လူငယ်လေးဦးကို ကားရပ်ပြီး ဆင်းရိုက်ခဲ့တဲ့သူတွေမှာ ပါဝင်ခဲ့သူဖြစ်သည်" ဟုလည်း DGWCF အဖွဲ့က ပြောသည်။

ထို့အပြင် စစ်ကောင်စီစစ်တပ်နှင့် ရဲများကို သတင်းပေးနေသည်ဟု ဆိုသူများ၏ စာရင်းကိုလည်း ထုတ်ပြန်ထားပြီး ထိုသူများကိုလည်း သတိထားနေကြရန် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ကန်ကြီးထောင့်မြို့မှ ဒလန်ဟုဆိုကာ အသက် ၅၃ နှစ်အရွယ် ဦးမောင်မောင်မြင့်သည် သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၆ နာရီကျော်ခန့်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

ကန်ကြီးထောင့်မြို့၊ ဥယျာဉ်စုလမ်းနေ ဦးမောင်မောင်မြင့်သည် ရွှေဘိုတန်းလမ်းဈေးသို့ ဈေးဆိုင်ခင်းရန် ဆိုင်ကယ်ဖြင့် ထွက်လာစဉ် ရွှေဘိုတန်းလမ်း မဟာသီရီမင်္ဂလာရာမကျောင်းရှေ့အရောက်တွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်းဖြစ်သည်။

 
 

 

 

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...