စလင်းတွင် လူသုံးဦး ဖမ်းခံရ

စလင်းတွင် လူသုံးဦး ဖမ်းခံရ

မကွေးတိုင်းဒေသကြီး စလင်းမြို့တွင် CDM နှင့် ပတ်သက်သည်ဟုဆိုကာ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ၃ ဦးကို သြဂုတ် ၂၇ ရက်နေ့၊ မွန်းလွှဲပိုင်းအချိန်တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ဟု ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများမှာ စလင်းမြို့က ကိုမျိူးဇင်ဝင်း၊ ကိုဖိုးထက်နှင့် မိဘရိပ်ကိတ်မုန့်ဆိုင်က မခင်မျိူးမြင့်တို့ဖြစ်သည်။

မခင်မျိုးမြင့်ကို CDM များအား ပံ့ပိုးသူအဖြစ် စွပ်စွဲပြီး ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု သတင်းများပြန့်နေသည်။

အခြားဖမ်းဆီးခံထားရသူ ကိုမျိုးဇင်ဝင်းကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်သူမဟုတ်ကြောင်း ၎င်းနှင့်နီးစပ်သူများက ဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက စလင်းမြို့တွင် ရိုက်နှက်ဖမ်းဆီးခံရသည့် လူငယ် ၃ ဦးကို တစ်ဦးလျှင် ကျပ်ငွေ ၅ သိန်းဖြင့် ပြန်ထုတ်ရကြောင်း မြို့ခံများက ပြောသည်။

သြဂုတ် ၁၇ ရက်နေ့ကလည်း စလင်းမြို့ စစ်ဆေးရေးဂိတ်တွင် ချိန်ကိုက်ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ကြပ်ကြီးတစ်ဦးအပါအဝင် ရဲ ၃ ဦး သေဆုံးသည့်ဖြစ်စဉ်လည်း ဖြစ်ပွားခဲ့သည်။

စလင်းမြို့တွင် အချို့လူငယ်များကို အကြောင်းပြချက်မရှိ မှားယွင်းဖမ်းဆီးပြီးမှ ငွေဖြင့် ပြန်ရွေးခိုင်းခြင်းမျိုး ရှိနေသည်ဟု ဒေသအတွင်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အချို့က ပြောသည်။

 
 

 

 

Most read this week

August 6, 2026
ငဝန်မြစ်ရေကာတာ ကျိုးပေါက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင်...
August 6, 2026
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်၊ ဖလူးဒေသဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းဘက်...
August 5, 2026
ရခိုင်-ဧရာဝတီနယ်စပ်၊ ရေကြည်နှင့် သာပေါင်းမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့်...
August 5, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်၊ ရွှေဘုန်းမြင့်ကျေးရွာတွင် စစ်တပ်နှင့် KIA ပူးပေါင်းတပ်တို့အကြား...