Published
Monday, August 30, 2021
မြစ်ဆုံဒေသက ရွှေတူးလုပ်သားတွေ ကိုဗစ်ရောဂါဖြစ်၊ အနီးရှိကျေးရွာတွေဆီ ကူးစက်ပျံ့နှံ့လာမှာကို ဒေသခံတွေစိုးရိမ်
- မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေတဲ့ကုမ္ပဏီလုပ်သားတွေထဲမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာရှိလာတာကြောင့် အနီးတဝိုက်ပတ်ဝန်းကျင်ရှိကျေးရွာတွေဆီ ကူးစက်ပျံ့နှံ့လာမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- ပူတာအိုမြို့နယ် တန်ဂျာယန်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူ ၄၀၀ ခန့် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
- ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းပြန်ဖြစ်လာချိန် ကိုဗစ်လူနာတွေကို ကူညီကြည့်ရှုစစ်ဆေးပေးနေတဲ့ မြစ်ကြီးနားကတ်သလစ်အသင်းတော်က သီလရှင် Sister An Rose Nu Tawng ကို အတွေ့အကြုံနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းထားပါတယ်။






