Published
Friday, August 27, 2021
ကယား(ကရင်နီ)ပြည်နယ်မှာ ဩဂုတ်လ ပထမလဝက်အတွင်း အရပ်သား ၁၅ ဦး စစ်ကောင်စီတပ်ဖွဲ့က ထပ်မံဖမ်းဆီး
အခုလ ပထမ လဝက်အတွင်း ကယား(ကရင်နီ)ပြည်နယ်မှာ နောက်ထပ် အရပ်သား ၁၅ ယောက်ကို စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးလိုက်ပါတယ်။
ကရင်ပြည်နယ်မှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေက စစ်ကြောင်းထွက်ရာမှာ အမျိုးသမီးတွေကို လူသားဒိုင်းအနေနဲ့ အသုံးပြုနေတယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က စွပ်စွဲထားပါတယ်။
အစီအစဉ်နောက်ပိုင်းမှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသက တိုက်ပွဲတွေ၊ တိုးပွားလာတဲ့စစ်ဘေးရှောင်တွေနဲ့ စစ်ဘေးရှောင်တွေရဲ့လိုအပ်ချက်တွေကို တင်ပြထားပါတယ်။






