မလိခမြစ်ရေတက်သဖြင့် ဒေသခံအချို့ ရွှေ့ပြောင်းရ မြစ်ကြီးနား မစိုးရိမ်ရသေးဟု မိုးဇလဆို

မလိခမြစ်ရေတက်သဖြင့် ဒေသခံအချို့ ရွှေ့ပြောင်းရ မြစ်ကြီးနား မစိုးရိမ်ရသေးဟု မိုးဇလဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်း မလိခမြစ် စိုးရိမ်ရေမှတ်ကျော်လွန်၍ ရေမြင့်တက်လာသည့်အတွက် ဒေသခံများဘေးလွတ်ရာသို့ ညတွင်းချင်း ပြောင်းရွှေ့နေကြရသည်ဟု ဒေသခံများက ပြောသည်။

မလိခမြစ်တစ်လျှောက်တွင် ရှိသည့်ကျေးရွာအချို့နှင့် မချမ်းဘော့မြို့နယ် ကောင်းမှုလုံကျေးရွာအနီးတဝိုက် ရေဝင်လာခဲ့ခြင်းဖြစ်သော်လည်း မြစ်ကြီးနားတွင် စိုးရိမ်ဖွယ်မရှိသေးဟု မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ပြောသည်။

ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် မလိခမြစ်ရေသည် သြဂုတ်လ ၂၆ ရက်နေ့ ည ၈ နာရီခွဲ အချိန်တိုင်းထွာချက်အရ စိုးရိမ်ရေမှတ်အထက် ၆၇ စင်တီမီတာတွင် ရောက်ရှိနေကြောင်း ပူတာအို မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနမှ သိရသည်။

မလိခမြစ်ရေ၏ စိုးရိမ်ရေအမှတ်သည် ၁၂၀၀ စင်တီမီတာဖြစ်ပြီး ယခု ၁၂၆၇ စင်တီမီတာသို့ ရောက်ရှိနေကာ မိုးဆက်လက် ရွာသွန်းနေခြင်းဖြစ်သည်။

မြစ်ရေတက်မှု မြန်ဆန်သဖြင့် ပူတာအိုမြို့နယ် မလိခွမ်ကျေးရွာနှင့် မြစ်ကမ်းဘေးနေအိမ်အချို့မှာ ရေဝင်လာသည့်အတွက် ရွာသူရွာသားများ ဘေးလွတ်ရာကို ညတွင်းချင်း ရွေ့ပြောင်းခဲ့ကြရသည်။

မလိခမြစ်ရေတက်နေသည့်အတွက် မြစ်ကြီးနားမြို့တွင် သြဂုတ်လ ၂၇ ရက်နေ့ နေ့လည်ပိုင်းနှင့် ညနေပိုင်းအတွင်း ရေပြန်လည်မြင့်တက်လာနိုင်သော်လည်း စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာကို မရောက်နိုင်ကြောင်း ကချင်ပြည်နယ် မိုးလေဝသနှင့်ဇလဗေဒက တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပုံဟောင်း
May 11, 2026
မြန်မာနိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုများနှင့် စစ်ရေးပဋိပက္ခများ...
May 8, 2026
တော်လှန်ရေး အင်အားစုများ နှစ်နှစ်ကျော်ကြာ စိုးမိုးထားသည့် မော်လူးမြို့ကို ပြန်လည်စီးနင်းလိုက်သော...
May 7, 2026
တနင်္သာရီတိုင်းဒေသကြီး၏ အဓိကကုန်သွယ်ရေး သွေးကြော ဖြစ်သော ရန်ကုန်-ထားဝယ် ကားလမ်းမပေါ်ရှိ...
May 6, 2026
စစ်အုပ်စု၏ သာလွန်အင်အားဖြင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် သိမ်းပိုက်ထိန်းချုပ်ထားသည့်...