Published
Wednesday, August 25, 2021
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျေးရွာထဲကတပ်စခန်းတစ်ခုကိုစွန့်ခွာ (ဩဂုတ်လ ၂၅၊ ၂၀၂၁)
မူတြော်(ဖာပွန်)ခရိုင် နယ်မြေမှာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်တွေက စစ်ရေးလှုပ်ရှားမှု ပိုမိုလုပ်ဆောင်လာတဲ့အတွက် စစ်ဘေးရှောင်ပြည်သူတွေ စားနပ်ရိက္ခာရရှိဖို့ အခက်အခဲကြုံတွေ့ နေကြပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ် ကျိတ်ကျေးရွာမှာအခြေစိုက်တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကျေးရွာထဲက တပ်စခန်းတစ်ခုကို စွန့်ခွာသွားခဲ့ပါတယ်။
မယ်လအူးဒုက္ခသည်စခန်းမှာ ကိုဗစ်ကူးစက်မှု ပထမဆုံးအကြိမ်တွေ့ရှိပြီးတဲ့နောက်ပိုင်း ရောဂါကူးစက်မှုထိန်းချုပ်နိုင်ဖို့ စခန်းတွင်းဝင်ထွက်သွားလာမှုကို ကန့်သတ်လိုက်ပါတယ်။






