အနာဂတ် ဖက်ဒရယ်ကျန်းမာရေး မူဝါဒရေးဆွဲရန် NUG နှင့် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

အနာဂတ် ဖက်ဒရယ်ကျန်းမာရေး မူဝါဒရေးဆွဲရန် NUG နှင့် တိုင်းရင်းသားအဖွဲ့များ ဆွေးနွေး

အနာဂတ် ဖက်ဒရယ် အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း) တစ်ရပ်ရေးဆွဲရန် အမျိုးသားကျန်းမာရေး ညီလာခံတစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းကျင်းပလျက်ရှိသည်။

ညီလာခံကို အွန်လိုင်းမှတစ်ဆင့် ဩဂုတ်လ ၂ ရက်နေ့က စတင်ပြုလုပ်နေပြီး ညီလာခံကျင်းပရသည့် ရည်ရွယ်ချက်နှင့်ပတ်သက်၍ အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ယခုကဲ့သို့ ထုတ်ပြန်ထားသည်။

NUG ၏ ထုတ်ပြန်ချက်ထဲတွင် “အနာဂတ်ဖက်ဒရယ်ပြည်ထောင်စု အမျိုးသားကျန်းမာရေးမူဝါဒ (မူကြမ်း) တစ်ရပ် ရေးဆွဲအကောင် အထည်ဖော်ဆောင်ရွက်ရန်၊ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာအလှူရှင်များ၊ ပြည်တွင်း၊ ပြည်ပ ကျန်းမာရေးအဖွဲ့ အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်၊ လက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါဆိုးကြီးကို စနစ်တကျ ပူးပေါင်းဆောင်ရွက်ပြီး စီမံချက်ချမှတ် တုံ့ပြန်ဆောင်ရွက်ရန်၊ Universal Health Coverage ကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရန် တို့ဖြစ်တယ်လို့ သိရပါတယ်” ဟု တွေ့ရသည်။

အမျိုးသားကျန်းမာရေးညီလာခံကို ဩဂုတ်လ ၂ ရက်ကနေ ၅ ရက်နေ့အထိ ၄ ကြာ ကျင်းပမည်ဟု NUG ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းရင်းသားကျန်းမာရေးအဖွဲ့များနှင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ ပူးပေါင်းကာ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး၊ ကုသရေးအဖွဲ့ COVID- 19 Task Force (CTF) ကို ဖွဲ့စည်းထားသည်။

ထိုအဖွဲ့ကို တိုင်းရင်းသားကျန်းမာရေးကော်မတီ EHC ဥက္ကဋ္ဌ ဆရာမကြီး ဒေါက်တာစင်သီယာမောင်က ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ဒုတိယခေါင်းဆောင်အဖြစ် NUG ကျန်းမာရေးဝန်ကြီးဌာနမှ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးနှင့်အတူ တိုင်းရင်းသားဒေသက ကျန်းမာရေးလုပ်သားများနှင့် ပညာရှင်တို့ပါဝင်သည်ဟု သိရသည်။

ထိုအဖွဲ့ကို ဖွဲ့စည်းပြီး ရက် ၂၀ ကျော်အကြာတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကျန်းမာရေးဝန်ကြီးဌာနနှင့် တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းများ ပူးပေါင်းကာ အမျိုးသားကျန်းမာရေးညီလာခံ (National Health Conference) ကို ကျင်းပလာခြင်းဖြစ်သည်။

လက်ရှိကျင်းပနေသည့် ညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် အခြားသော ဝန်ကြီးဌာနအသီးသီးက တာဝန်ရှိသူများ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ပြည်တွင်း/ပြည်ပ ကျန်းမာရေးအဖွဲ့အစည်း တာဝန်ရှိသူများ၊ ပြည်တွင်း/ပြည်ပ ဆေးပညာရှင်များနှင့် ဆေးနှီးနွှယ်ကျောင်သားအဖွဲ့အစည်းများက တာဝန်ခံကျောင်းသားကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု NUG က ဆိုသည်။

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...