ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ

ရေးမြို့နယ် နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး သတ်ဖြတ်ခံရ

ရေးမြို့နယ်၊ နှင်းစုံကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောဝင်းစိုးမြင့်အား ယမန်နေ့ညပိုင်းတွင် အမည်မသိလက်နက်ကိုင်အုပ်စုက နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီး သတ်ဖြတ်ခံရကြောင်း သတင်းရရှိသည်။

“ညကတည်းက ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက် အိမ်ကနေ သူ့ကိုလာခေါ်သွားတယ်၊ ဒီမနက်ပိုင်းက ကားလမ်းမဘေးမှာ သူ့ရုပ်အလောင်းတွေ့ရတယ်” ဟု နှင်းစုံရွာသားတစ်ဦးက ပြောသည်။

ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးဖြစ်သူ အသက် ၅၃ နှစ်အရွယ် စောထားဝယ် (ခေါ်) ဦးစောဝင်းစိုးမြင့်၏ ဦးခေါင်းတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေသည့်ရုပ်အလောင်းကို နှင်းစုံကျေးရွာအပြင်ဘက် ရေး-သံဖြူဇရပ်ကားလမ်းမကြီးဘေးတွင် ယနေ့နံနက်စောစောပိုင်းက ရွာသားများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဆန့်ကျင်ဘက်အုပ်စုတစ်ခုက သတင်းပေးအဖြစ်ယူဆပြီး လက်နက်ကိုင်အုပ်စုက ဖမ်းဆီးသတ်ဖြတ်လိုက်သည်ဟု ယူဆပြောဆိုမှုများရှိသော်လည်း မွန်သတင်းအေဂျင်စီ သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။

အလားတူ ပြီးခဲ့သည့် ဧပြီလ (၅) ရက်နေ့က ရေးမြို့နယ် မာန်အောင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးလည်း အသတ်ခံလိုက်ရသည်။

ထို့အပြင် ဖေဖော်ဝါရီ (၁) နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်သတင်းပေးစွပ်စွဲချက်ဖြင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ဝန်းကျင်ခန့် သေနတ်ဖြင့် သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းများမှ လေ့လာတွေ့ရှိရသည်။

 
 

 

 

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...