လွှစင်ကုန်းကျေးရွာဒေသခံများ၏ နောင်မယ်မိုက် (မုဆိုးမအင်း) မြေနေရာတွင် တရားမဝင်ရွှေမျှောများ လာရောက်လုပ်ကိုင်နေ

လွှစင်ကုန်းကျေးရွာဒေသခံများ၏ နောင်မယ်မိုက် (မုဆိုးမအင်း) မြေနေရာတွင် တရားမဝင်ရွှေမျှောများ လာရောက်လုပ်ကိုင်နေ

ဟုမ္မလင်းမြို့နယ် နောင်ပိုအောင်ကျေးရွာအုပ်စု လွှစင်ကုန်းကျေးရွာနှင့် ‌မြောက်ရွာကြားရှိ နောင်မယ်မိုက် (မုဆိုးမအင်း) မြေနေရာတွင် တရားမဝင်ရွှေတူးဖော်မှုများ လာရောက်ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

“အခုတော့ မျှောစင်လာမချသေးဘူး ပိတ်တန်းအရင်ကာနှင့်ကြတာပါ့၊ စာသွားတင်တဲ့နေ့က သူတို့ဖုန်းနဲ့လှမ်းတားတယ်။ ဒါပေမယ့် အခုထိမရပ်သေးဘူး” ဟု ဒေသခံတစ်ဦးက ရှမ်းနီအသံကိုပြောသည်။

တရားမဝင် ရွှေမျှောတူးဖော်သူများက ထိုအင်းကို ဘတ်ဟိုးများဖြင့် မြေရှင်းလင်းမှုများ ပြုလုပ်နေသည်မှာ တစ်ပတ်ခန့်ရှိနေပြီဖြစ်သည်။

တရားမဝင် ရွှေလာရောက်တူးဖော်မည့်သူများမှာ မည်သူဖြစ်သည်ကို အတိအကျမသိသေးသော်လည်း မြောက်ရွာဒေသခံတစ်ဦးက အမည်ခံလုပ်ပေးသည်ဟု သိရသည်။

ထိုရွှေမျှောလုပ်ကိုင်မှုကြောင့် အင်းအနီးနားရှိ လယ်မြေဧက နှစ်ရာကျော် ထိခိုက်ပျက်ဆီးနိုင်သောကြောင့် ဒေသခံများက ဟုမ္မလင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ကို ဇွန်လ (၁၅) ရက်နေ့က တားဆီးပေးနိုင်ရန် တိုင်တန်းအကြောင်းကြားခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်ထိ လာရောက်တားဆီးပေးခြင်းမရှိသလို ရွှေမျှောလုပ်ကိုင်သူများကလည်း ဆက်လက်လုပ်ကိုင်လျှက်ရှိနေသည်ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဟုမ္မလင်းမြို့နယ်အတွင်းတွင် တရားမဝင်ရွှေမျှောလုပ်ကိုင်သူ ယခင်ထက်ပိုများလာခဲ့ကြောင်း စုံစမ်းသိရှိရသည်။

 
 

 

 

ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...