ဘုရားသုံးဆူ မြို့ပေါ်စာသင်ကျောင်းများဝင်းအတွင်း ညပိုင်းအချိန် ဗုံး ၃ လုံးပေါက်ကွဲနောက် ယနေ့နံနက်ပိုင်းတွင် အထက်တန်းကျောင်းအဝင်ဝနေရာ ဗုံးတစ်လုံးထပ်မံပေါက်ကွဲ

ဘုရားသုံးဆူ မြို့ပေါ်စာသင်ကျောင်းများဝင်းအတွင်း ညပိုင်းအချိန် ဗုံး ၃ လုံးပေါက်ကွဲနောက် ယနေ့နံနက်ပိုင်းတွင် အထက်တန်းကျောင်းအဝင်ဝနေရာ ဗုံးတစ်လုံးထပ်မံပေါက်ကွဲ

ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့ပေါ်စာသင်ကျောင်းများဝင်းအတွင်း ယမန်နေ့ ညပိုင်းအချိန်က ဗုံး ၃ လုံးပေါက်ကွဲပြီးနောက် ယနေ့နံနက်ပိုင်းတွင် အစိုးရအထက်တန်းကျောင်း အဝင်ဝနေရာ ဗုံးတစ်လုံးတပ်မံပေါက်ကွဲခဲ့ကြောင်း သတင်းရရှိသည်။

“မနက် ၁၀ နာရီလောက်မှာ အထက်တန်းကျောင်းပေါက်ဝ ရှေ့တည့်တည့်မှာ ထပ်ပြီးပေါက်ကွဲတယ်၊ ကြီးကြီးမားမား ထိခိုက်တာမရှိဘူး၊ COVID 19 ကြော်ငြာ ဗီနိုင်းစ စုတ်ထွက်သွားတယ်၊ ညကလည်း ဗုံး ၃ လုံး ပေါက်ကွဲခဲ့သေးတယ်၊ အဆောက်အဦးမှန်တွေ နည်းနည်းပါးပါးကွဲတယ်၊ လူအထိအခိုက်မရှိဘူး” ဟု မြို့ခံတစ်ဦးကဆိုသည်။

ပြီးခဲ့သည့်ည ၉ နာရီခွဲအချိန်ခန့်တွင် အဆိုပါ အစိုးရအထက်တန်းကျောင်း၌လည်းကောင်း၊ ည ၁၀ နာရီအချိန်ခန့်တွင် အမှတ် (၁) ရက်ကွက် မြပန်း အစိုးရမူလွန်ကျောင်းနှင့် ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် ရပ်ကွက် (၃) အ.ထ.က ကျောင်းခွဲ ဝင်းနေရာအသီးသီးတို့၌လည်းကောင်း ဗုံး ၃ လုံး ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“အသံကတော့ မြေကြီးတုန်ခါသွားတာပဲ၊ သဘက်ခါ စာသင်ကျောင်းတွေဖွင့်တော့မယ်၊ မြို့မှာက အေးချမ်းမှုမရှိသလိုပဲ၊ ဟိုတစ်နေ့ကလည်း ကျောင်းအုပ်ဆရာမကြီးနေအိမ်ခြံထဲမှာ လက်ပစ်ဗုံးတစ်လုံး ရှာတွေ့မိတယ်၊ ဘယ်ချိန်ကတည်းက ဘယ်သူပစ်ထားသွားတာ မသိပါဘူး” ၎င်းကဆက်ပြောသည်။

ပြီးခဲ့သည့် မေ ၂၈ ရက်နေ့ နေလယ်ပိုင်းအချိန်းတွင် မွန်ပြည်သစ်ပါတီ တပ်ရင်း (၃) သွားရာလမ်း ဘုရားသုံးဆူမြို့ ရပ်ကွက် (၁) ရှိ အထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးခိုင်၏ နေအိမ်ခြံဝင်းအတွင်း မပေါက်ကွဲသည့် လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့သဖြင့် စစ်တပ်က သွားရှင်းလင်းခဲ့သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၁၉ ရက်နေ့တွင် ဘုရားသုံးဆူမြို့ အမှတ် (၄) ရပ်ကွက်အုပ်ချုပ်ရေးမှူး ဗိုလ်မှူး (ငြိမ်း) ကျော်ဇင်မင်း သေနတ်ပစ်သတ်ခံရပြီး သေဆုံးခဲ့ရကြောင်း သတင်းဖော်ပြပြီးဖြစ်သည်။

March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...
ပုံ-Facebook
February 26, 2026
တက္ကသိုလ်ဝင်တန်းစာမေးပွဲ နီးကပ်လာသည့်အပြင် လက်ရှိမူလတန်းနှင့် အလယ်တန်းပြီးမြောက်ကြောင်း...