ရှမ်းနီမျိုးသားများတပ်မတော် SNA ဒုစစ်ဦးစီးချုပ် လုပ်ကြံခံရ

ရှမ်းနီမျိုးသားများတပ်မတော် SNA ဒုစစ်ဦးစီးချုပ် လုပ်ကြံခံရ

ရှမ်းနီအမျိုးသားများတပ်မတော် SNA ၏ ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် မသမာသူတစ်ဦး၏လုပ်ကြံမှုကြောင့် ကျဆုံးသွားကြောင်း သိရသည်။



"တစ်နေ့က နေ့လယ် တစ်နာရီခွဲမှာဖြစ်တာ မနေ့က မနက် ၉ နာရီမှာ ဆုံးသွားတယ်” ဟု SNA မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။



အဆိုပါလုပ်ကြံမှုကြောင့် ဗိုလ်ချုပ်စဝ်ခွန်ကျော်နှင့်အတူ SNA တပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုပ်ကြံသူအား အသေဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။



ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် ၁၉၉၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA တွင် ဗဟိုကော်မတီဝင်တစ်ဦးအဖြစ်လည်းကောင်း တပ်မဟာ ၂၄၁ တပ်မဟာမှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး လွယ်တိုင်းလျန်ဌာနချုပ်ကို တည်ထောင်စဥ် ပါဝင်ခဲ့သူလည်းဖြစ်သည်။



ရှမ်းနီလူမျိုးတစ်ဦးဖြစ်သော စဝ်ခွန်ကျော်သည် ၂၀၀၆ ခုနှစ် ဇန်နဝါရီလတွင် မိမိတို့ရှမ်းနီအမျိုးသားများ တန်းတူအခွင့်အရေးအတွက် သီးခြားတပ်မတော်တည်ထောင်ရန် မြန်မာပြည်မြောက်ပိုင်းသို့ ချီတက်လာစဥ် သတင်းပေါက်ကြားမှုကြောင့် ဗမာ့တပ်မတော်၏ ပိတ်ဆို့ဖမ်းဆီးခြင်းကိုခံရပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် နမ့်တီးရွာအနီးတွင် ဖမ်းဆီးခြင်းခံရပြီး သေဒဏ်လေးကြိမ် အပြစ်ပေးခြင်းခံရသည်။



၂၀၁၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် သမ္မတဦးဝင်းမြင့်၏ လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်မြောက်လာပြီး ခေတ္တအနားယူကာ သူ၏မူလရည်ရွယ်ချက်ဖြစ်သော ရှမ်းနီအမျိုးသားများတိုးတက်ရေးအတွက် ဆောင်ရွက်ရန် ဒုတိယစစ်ဦးစီးချုပ်အဖြစ် ပြန်လည်၍ တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၁ ခုနှစ် မေလ ၂၇ ရက်နေ့တွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။



ဗိုလ်ချုပ်စဝ်ခွန်ကျော်သည် လက်အောက်ငယ်သားများနှင့် လက်ရေတပြင်တည်း စားသောက်တတ်သူဖြစ်ပြီး စိတ်သဘောထားနူးညံ့ကောင်းမွန်သူဖြစ်ကြောင်း ၎င်းနှင့်အတူ တာဝန်ထမ်းဆောင်ဖူးသူများက ပြောကြားသည်။

ကတူးလူငယ်အဖွဲ့ချုပ် ထုတ်ပြန်ချက် နှင့် ကဒူးရိုးရာပွဲတော် မြင်ကွင်း / Credit
April 23, 2026
ကတူးတိုင်းရင်းသားမျိုးနွယ်စုများသည် လူမျိုးသုဉ်းပျောက်ကွယ်လာနေသည့် ကြီးမားသော စိန်ခေါ်မှုတွေနဲ့...
ဟုမ္မလင်း စက်သုံးဆီတင်ရေယာဉ်မီးလောင်ကျွမ်းမှု/Credit
April 22, 2026
ဟုမ္မလင်းမြို့ ချင်းတွင်းမြစ်ထဲမှာ စက်သုံးဆီတင်ရေယာဉ်တွေ မီးလောင်ကျွမ်းမှုဟာ...
April 21, 2026
ကချင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေတာတွေကို ၂ ပတ်ကြာ ရပ်နားထားမှုကြောင့်...
April 11, 2026
ရှမ်းရိုးရာသင်္ကြန်ပွဲတော်ကို မြစ်ကြီးနားမြို့နယ် နောင်ခမ်းရှမ်းရွာမှာ ရိုးရာယဉ်ကျေးမှုနဲ့အတူ...