မော်လမြိုင် Quarantine စင်တာတွင် တာဝန်ကျဝန်ထမ်း ၄ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ

မော်လမြိုင် Quarantine စင်တာတွင် တာဝန်ကျဝန်ထမ်း ၄ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ

မော်လမြိုင်မြို့ရှိ တက္ကသိုလ် ၁၀ မြို့နယ်အဆောင် Quarantine စင်တာ တာဝန်ကျဝန်ထမ်း ၄ ဦးထံမှ မေလ ၂၅ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်းကြောင့် ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူများ Quarantine ဝင်ရောက်ရန် စီစဉ်လျှက်ရှိကြောင်း လူမှုကယ်ဆယ်ရေးအသင်းများက သိရသည်။

ယင်းကဲ့သို့ ရောဂါပိုးတွေ့ရှိလာခြင်းကြောင့် ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်လာနိုင်ခြေရှိပြီး ပထမလှိုင်းနှင့် ဒုတိယလှိုင်းမှ သင်ခန်းစာယူ၍ အတတ်နိုင်ဆုံး ပြည်သူများ ကြိုတင်ကာကွယ်နေထိုင်ကြရန် မော်လမြိုင် လူမှုကယ်ဆယ်ရေးအသင်းမှ ကိုဇင်မိုးက ပြောသည်။

ကိုဇင်မိုးက “ပိုးကတော့ နေ့တိုင်း ပုံမှန် ၃ ယောက် ၄ ယောက်လောက်တော့ အမြဲတွေ့တယ်၊ ဟိုတနေ့ကလည်း ပေါင်မြို့နယ်က ၁၉ ယောက်တွေ့တယ်၊ ဒီနောက်ပိုင်းမှာ ကိုဗစ်တတိယလှိုင်း စကြားတဲ့ချိန်ကနေစပြီးတော့ တင်းတင်းကြပ်ကြပ် ပိုစစ်လာတော့ ခုတလော ထိုင်းပြန်တွေမှာ တောက်လျှောက် ကိုဗစ်ပိုးတွေ့လာတယ်” ဟု ဆိုသည်။

လက်ရှိအချိန်တွင် အနံ့မရသည့်လူနာများနှင့် နယ်စပ်ဒေသမှ ပြန်လာသူများကို အဆိုပါ မော်လမြိုင် Quarantine စင်တာ၌ စစ်ဆေးပေးလျှက်ရှိပြီး Positive လူနာများကို ဆေးကုသပေးလျှက်ရှိကြောင်း၊ စစ်အာဏာသိမ်းသည့်ကာလအတွင်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူ ၇၀၃၈ ဦးကို ကိုဗစ်-၁၉ ရောဂါ စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

တစ်ဖက်တွင်လည်း  အိမ်နီးချင်းနိုင်ငံများဖြစ်ကြသည့် အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့တွင် ကိုရိုနာဗိုင်းရပ်ရောဂါပိုး ကူးစက်ပြန့်ပွားမှု မြင့်တက်လာနေခြင်းကြောင့် မြန်မာနိုင်ငံအတွင်းသို့ ကိုဗစ်တတိယလှိုင်း ဝင်ရောက်လာမည်ကို စိုးရိမ်နေရသည့်အခြေအနေတွင် ရှိနေသည်။

ထို့အပြင် ရခိုင်ပြည်နယ် မောင်တောမြို့နှင့် စစ်တွေမြို့တို့တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးစခန်း ပြန်လည်ဖွင့်လှစ်လာသည့် ယခုလအတွင်း ဘင်္ဂလားဒေ့ရှ်မှပြန်ဝင်လာသော စက်လှေသမားများမှ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့လာကြောင်း သတင်းများက ဖော်ပြသည်။

ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် မေလ ၂၆ ရက် ည ၈ နာရီ ထုတ်ပြန်ချက်များအရ တစ်နိုင်ငံလုံး ဓါတ်ခွဲလူနာ ၁၁၂၉ ခုအား စစ်ဆေးရာ ကိုဗစ်အတည်ပြုလူနာ ၂၂ ဦး ထပ်မံတွေ့ရှိပြီး ယမန်နှစ်ရောဂါစတင်ဖြစ်ပွားခဲ့ချိန်မှ မြန်မာနိုင်ငံတဝန်း စုစုပေါင်းအတည်ပြုလူနာ ၁၄၃,၂၉၆ ဦး၊ သေဆုံးသူ ၃၂၁၆ ဦး ရှိပြီဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

Photo - ထိုင်းပြန်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ မော်လမြိုင် Quarantine စင်တာ၌ စစ်ဆေးနေစဥ်(Facebook)

ပုံ-Facebook
April 24, 2026
တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ မြိတ်-ထားဝယ်ကားလမ်းပိုင်းကို...
April 23, 2026
မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန်...
ပုံ-ပုပ္ဖဟံသာပညာရေးဖောင်ဒေးရှင်း
April 22, 2026
ပုပ္ဖဟံသာ ပညာရေးဖောင်ဒေးရှင်းမှ အဆင့်မြင့်ပညာရေးအတွက် ပညာဆက်လက်သင်ကြားရန် အခက်အခဲရှိနေသော...
April 21, 2026
မွန်ပြည်နယ်၊ ရေးမြို့ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်( စကခ ၁၉)...