ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်ခံရပြီးသေဆုံး

ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်ခံရပြီးသေဆုံး

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမြင့်ဆွေ မေလ ၂၇ ရက်နေ့ ယနေ့နံနက်ပိုင်းက သေနတ်ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

ဦးမြင့်ဆွေနှင့် ဇနီးတို့သည် ယနေ့နံနက် (၈:၁၅) မီနစ် အချိန်၌ အလူးလေးကျေးရွာရှိ ကြက်မောက်ခြံသို့သွားရာ လမ်းခရီးတွင် အမည်မသိသူနှစ်ဦးမှ ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး ယင်းသို့ ပစ်ခတ်လုပ်ကြံလိုက်ခြင်းဖြစ်ကြောင်း ဘီးလင်းဒေသခံတစ်ဦးက ဆိုသည်။

"သူက အရင်တုန်းက အမတ်ဟောင်းဗျ။ လုပ်ကြံတဲ့သူက ဆိုင်ကယ်နဲ့လာပြီးပစ်တာ။ သူက ပွဲချင်းပြီးတယ်။ အမျိုးသမီးကတော့ မေးရိုးပွင့်သွားတယ်လို့ သိရပါတယ်" ဟု ဘီးလင်းဒေသခံတစ်ဦးက ပြောသည်။

အဆိုပါပစ်ခတ်မှုအတွင်း သေဆုံးသူ ဦးမြင့်ဆွေ၏ ဇနီးဖြစ်သူမှာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်ဟုဆိုသည်။

လက်ရှိတွင် အခင်းဖြစ်ပွားခဲ့သည့် အလူးလေးကျေးရွာအနီးတဝိုက်တွင် ရဲနှင့်စစ်တပ် ရောက်ရှိနေပြီး လမ်းပိတ်ဆို့၍ စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း သတင်းရရှိသည်။

ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...
April 25, 2026
မာံသဟာဲ (မင်းစဟိုင်း) — မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာတွင်...
ပုံ-Facebook
April 24, 2026
တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ မြိတ်-ထားဝယ်ကားလမ်းပိုင်းကို...
April 23, 2026
မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန်...