Published
Monday, May 24, 2021
စစ်ကောင်စီစစ်တပ်နဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ကယားပြည်နယ်ဘက်ကို ကျယ်ပြန့်သွား
စစ်ကောင်စီစစ်တပ်နဲ့ အရပ်သားကာကွယ်ရေးတပ်ဖွဲ့တွေအကြား စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားရာကနေ ပြီးခဲ့တဲ့အပတ်နှောင်းပိုင်းမှာတော့ ကယားပြည်နယ်ဘက်ကို တိုက်ပွဲတွေ ကျယ်ပြန့်သွားပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဆီဘောင်ဆာကားတွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မီးရှို့တိုက်ခိုက်ခဲ့ပါတယ်။
ခေတ်မီတပ်မတော်တစ်ရပ်ကို အချိန်ယူပြီး ထူထောင်သွားမှာဖြစ်တယ်လို့ ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရ ဝန်ကြီးချုပ်က ပြောဆိုလိုက်ပါတယ်။






