မော်လမြိုင်မြို့နယ် ညမထွက်ရအမိန့် ည ၁၀ နာရီ အချိန်ပြောင်းလဲသတ်မှတ်

မော်လမြိုင်မြို့နယ် ညမထွက်ရအမိန့် ည ၁၀ နာရီ အချိန်ပြောင်းလဲသတ်မှတ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ည ၈ နာရီမှ နံနက် ၄ နာရီအချိန်ထိအစား ည ၁၀ နာရီမှ နံနက် ၄ နာရီအချိန်ထိ ယမန်နေ့ (မေ ၁၂) ရက်စွဲဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အမိန့်ပြောင်းလဲပြင်ဆင်လိုက်သည်။

ထို့ကြောင့် လူ ၅ ဦး သို့မဟုတ် ၅ ဦးအထက်ပိုသောသူများသည် မော်လမြိုင်မြို့နယ်အတွင်း လမ်းမကြီးများ၊ အများပြည်သူသွားရာလမ်း၊ လမ်းသွယ်၊ လမ်းကြား၊ ဥယျာဉ် သို့မဟုတ် အများပြည်သူနှင့် သက်ဆိုင်သောနေရာများတွင် စုဝေးခြင်းမပြုရန်နှင့် ည (၁၀) နာရီမှ နံနက် (၄) နာရီအချိန်အတွင်း ညမထွက်ရအမိန့်ကို ပြင်ဆင်ထုတ်ဆင့်လိုက်ကြောင်း မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အရထုတ်ပြန်လိုက်သည်ဟု ဆိုသည်။

မော်လမြိုင်မြို့နယ် နယ်နိမိတ်အတွင်း တည်ငြိမ်အေးချမ်းခြင်းနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေသည့်အပြင် ရုန်းရင်းဆန်းခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် မော်လမြိုင်မြို့နယ်အတွင်း စုဝေးခြင်း၊ ဟောပြောခြင်း၊ ယာဉ်တစ်မျိုးမျိုးကို အသုံးပြု၍ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စီတန်းလှည့်လည်ခြင်း၊ လှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ ဖျက်စီးခြင်း၊ ရုန်းရင်းဆန်းခတ်ပြုမူခြင်းများကို မပြုလုပ်ရန် တားမြစ်ခဲ့ရာမှ ယင်းမြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှု ပိုမိုရရှိလာခြင်း၊ သွားလာနေထိုင်မှု ပိုမိုကောင်းမွန်လာခြင်းတို့ကို တွေ့ရှိရသည်ဟု အမိန့်ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အတူ လူအချို့သည် အများပြည်သူတို့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်ပြားစေရန် စိုးရိမ်ဖွယ်ရာရှိသည့် အပြုအမူများဆောင်ရွက်နေကြောင်း တွေ့ရှိရသည်ဟု ယင်းအမိန့်စာက ဆိုထားသည်။

သို့ရာတွင် မော်လမြိုင်မြို့နယ် ညမထွက်ရအမိန့် အချိန်ပြောင်းလဲသတ်မှတ်လိုက်သော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညနေ ၆ နာရီမှစတင်ကာ ပြည်သူများသွားလာမှုကို မြို့အနှံ ပိတ်ဆို့စစ်ဆေးမှု ဆောင်ရွက်နေကြကြောင်း တွေ့ရှိရသည်။

မွန်ပြည်နယ်အတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့်ကာလအတွင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင် ကျဆုံးခဲ့သူ ၈ ဦးရှိပြီး ဖမ်းဆီးခံထားရသူ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

စစ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း မော်လမြိုင်မြိုနယ်အပါအဝင် မြို့နယ်ပေါင်း ၉၀ ကျော်ခန့်တွင် ဖေဖော်ဝါရီ ၈ ရက်နေ့က ကာဖျူး-ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန်ထားသဖြင့် ကုန်တင်ကားများ ညပိုင်းသွားလာမရဖြစ်နေပြီး ကုန်ပစ္စည်းပို့ဆောင်ရေး အခက်အခဲဖြစ်ပေါ်လာသလို ပရဟိတလူနာတင်ယာဉ်များလည်း ညပိုင်းသွားလာလှုပ်ရှားမှုများကို ရပ်နားထားကြောင်း တွေ့ရှိရသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...