စစ်ကျွန်ပညာရေးစနစ် အလိုမရှိဟု ဝင်းရော်ဒေသ ပညာရေးဝန်ထမ်းများ စုပေါင်းဆန္ဒထုတ်ဖော်

စစ်ကျွန်ပညာရေးစနစ် အလိုမရှိဟု ဝင်းရော်ဒေသ ပညာရေးဝန်ထမ်းများ စုပေါင်းဆန္ဒထုတ်ဖော်

စစ်ကောင်စီ၏ အုပ်ချုပ်မှုအောက်တွင် ပညာရေးစနစ် အလိုမရှိဟု ယမန်နေ့ မေလ ၈ ရက် နှစ်အိမ်-ခလယ်စောရွာတွင်ပြုလုပ်သည့် စုပေါင်းဆန္ဒထုတ်ဖော်ပွဲတွင် ကျောင်းဆရာ/ဆရာမများက ကြွေးကြော်ခဲ့ကြသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အာဏာဖီဆန်မှု (CDM) ဝင်ထားသည့် ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား/ကျောင်းသူ ၂ဝဝ ကျော်မှ စစ်ကျွန်ပညာရေးစနစ် အလိုမရှိ၊ ဖက်ဒရယ်ပညာရေးစနစ် ဖော်ဆောင်ပေး၊ စစ်ကောင်စီအား အလိုမရှိ စသည့် ကြွေးကြော်ချက်များဖြင့် ဆန္ဒထုတ်ဖော်သွားခဲ့ကြောင်း သပိတ်ဦးဆောင်သူ ပညာရေးဝန်ထမ်းတစ်ဦးမှ ကေအိုင်စီသို့ ပြောသည်။

“စစ်တပ်အုပ်ချုပ်မှုအောက်မှာ အမှား၊ အမှန်တွေ သင်ကြားပေးဖို့နဲ့ လွတ်လပ်တဲ့ ပညာသင်ကြားမှုတွေ မရှိနိုင်တဲ့အတွက် သူတို့ဖွင့်မယ့် ပညာရေးကို လက်မခံပါဘူး။ ဒါကျက်၊ ဒါဖြေ အမှတ်ပေးစနစ်ကိုလည်း ပြန်မသွားလိုတော့ဘူး။ လူတိုင်းသင်ယူနိုင်တဲ့ ဖက်ဒရယ်ပညာရေးစနစ်ရဖို့ တိုက်ပွဲဝင်သွားမယ်” ဟု ဝင်းရော်ဒေသမှ ကျောင်းဆရာကြီး စောထွန့်ဖောင် ကေအိုင်စီသို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြိုနယ်တွင် CDM ဝင်ထားသည့် ပညာရေးဝန်ထမ်း ၇ဝဝ ကျော်ရှိပြီး အချို့မှာ ဖမ်း၀ရမ်းထုတ်ခံထားရသည့်အတွက် ထွက်ပြေးပုန်းရှောင်နေရသူများလည်းရှိကြောင်း CDM ဝင်သူများ ကူညီရေးအဖွဲ့ထံမှ သိရသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...