အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ကူးစက်မှုအဆင့် ၅ သို့ ရောက်ရှိလာ

အာဆီယံနိုင်ငံများတွင် ထိုင်းနိုင်ငံက ကိုဗစ်-၁၉ ကူးစက်မှုအဆင့် ၅ သို့ ရောက်ရှိလာ

မြန်မာ့အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု တတိယလှိုင်း ရောဂါကူးစက်မှုနှုန်းနှင့် သေဆုံးမှုနှုန်း နှစ်ဆကျော်မြင့်တက်လာခဲ့ပြီး အာဆီယံနိုင်ငံများအတွင်း ကူးစက်မှုအမြင့်ဆုံး အဆင့် ၅ အထိရောက်ရှိလာကြောင်း တွေ့ရှိရသည်။

ထိုင်း ကိုဗစ်-၁၉ သတင်းအချက်အလက်စင်တာမှ ယနေ့ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းလုံးတွင် ရောဂါစတင်ဖြစ်ပွားချိန်မှစတင်၍ စုစုပေါင်းကူးစက်သူ ၇၈,၈၅၅ ဦးနှင့် သေဆုံးသူ ၃၆၅ ဦးအထိရှိခဲ့ပြီး လတ်တလော ရက်ပိုင်းအတွင်းမှာပင် စင်ကာပူနိုင်ငံကို ကျော်သွားခဲ့သည်။

မြန်မာနိုင်ငံတွင်လည်း လက်ရှိအချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၄၂,၈၇၄ ဦး၊ သေဆုံးသူ ၃၂၁၀ ဦးနှင့် ဆေးရုံဆင်းခွင့်ရရှိသူ ၁၃၁,၉၉၉ ဦးရှိပြီး အာဆီယံနိုင်ငံများအနက် ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးမှုအမြင့်ဆုံး တတိယနိုင်ငံအဖြစ် ရပ်တည်လျှက်ရှိသည်။

အင်ဒိုနီးရှားနိုင်ငံသည် ရောဂါကူးစက်သူဦးရေ ၁ ဒသမ ၇ သန်းနီးပါးနှင့် သေဆုံးသူဦးရေ ၄၆,၀၀၀ ကျော်ဖြင့် ကူးစက်မှုအမြင့်ဆုံးနိုင်ငံအဖြစ်ရပ်တည်လျှက်ရှိပြီး ၎င်းအနောက်တွင် ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ဘရူနိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့က အသီးသီးရပ်တည်လျှက်ရှိသည်။

ထို့အပြင် တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် ရောဂါကူးစက်မှု အမြင့်ဆုံးနိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသည် ကူးစက်ခံရသူ ၃၃ ဒဿမ ၃ သန်းကျော် သေဆုံးသူ ၅ သိန်း ၉ သောင်းကျော်ရှိပြီး အိန္ဒိယနိုင်ငံက ဒုတိယကူးစက်မှုအမြင့်ဆုံးနိုင်ငံဖြစ်ကာ ရောဂါကူးစက်သူ ၂၁ ဒဿမ ၄ သန်းကျော်နှင့် သေဆုံးသူ ၂ သိန်း ၃ သောင်းကျော်ရှိပြီဖြစ်သည်။

ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်မှစ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင် ရောဂါကူးစက်ခံရသူ ၁၅၆ ဒဿမ ၇ သန်းကျော်၊ သေဆုံးသူဦးရေ ၃၂၇ သန်းကျော်နှင့် ပြန်လည်သက်သာသူ ၁၃၄ ဒဿမ ၁ သန်းကျော်ရှိပြီးဖြစ်ကြောင်း WHO က ထုတ်ပြန်ကြေညာထားသည်။

March 5, 2026
ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းကို ဖွင့်လှစ်နိုင်ရေး စစ်ကော်မရှင်ဘက်မှ...
March 4, 2026
ထိုင်းနိုင်ငံမှ ပြည်ပလောင်စာဆီ တင်ပို့မှုရပ်ဆိုင်းလိုက်ပြီဟု ထုတ်ပြန်ထားသည့်အပြင်...
March 2, 2026
မွန်ပြည်နယ်အတွင်းရှိ အကျဉ်းထောၚ်အသီးသီးက အကျဉ်းသား အကျဉ်းသူ ၁၆၀ ကျော် ပြန်လွတ်လာပြီး...
ပုံ- IMNA
February 28, 2026
တော်လှန်ရေးကာလတစ်လျှောက်တွင် အမျိုးသမီးများ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးရာကဏ္ဍများ၌...