ဟားခါးမြို့တွင် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၆ ဦးအားဖမ်းဆီး၊ အသက် ၆၀ ကျော်လင်မယားနှစ်ဦးပါဝင်

ဟားခါးမြို့တွင် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၆ ဦးအားဖမ်းဆီး၊ အသက် ၆၀ ကျော်လင်မယားနှစ်ဦးပါဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယမန်နေ့ (မေလ ၇ ရက်) ညနေပိုင်း ၅ နာရီနှင့် ၆ နာရီကြားတွင် ဖမ်းဆီးမည့်သူများအား လိုက်လံရှာဖွေရာ အိမ်တွင်မရှိသဖြင့် အသက် (၆၀) ကျော် လင်မယားနှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“သူတို့ လူဖမ်းဖို့ အိမ်တွေမှာလိုက်ရှာတာ၊ သူတို့သားကိုရှာတာ၊ မတွေ့လို့ သူတို့လင်မယားကိုဖမ်းသွားတာ၊ နှစ်ယောက်စလုံးက အသက်ခြောက်ဆယ်ကျော်ရှိကြပြီ၊ နောက်ထပ်တစ်ယောက်ကိုထပ်ရှာတော့ သူ့ကိုမတွေ့တာနဲ့ အဲဒီနားကတစ်ယောက်ကို ထပ်ဖမ်းတယ်၊ အဲမှာ သူတို့က သေနတ်ပစ်ဖောက်တော့ လန့်ပြီးတော့ပြေးတဲ့သူကိုလည်း ဖမ်းတယ်၊ နောက်တစ်အိမ်ကိုထပ်ဝင်ပြီးတော့ လူတစ်ယောက်ထပ်ဖမ်းတယ်၊ ဘာလို့ဖမ်းလဲမသိဘူး၊ အဲမှာ ၂ သိန်းခွဲလောက် ခိုးသွားသေးတယ်” ဟု ဟားခါးမြို့ခံတစ်ဦးမှ ပြောသည်။

အဖမ်းခံရသူ ၆ ဦးမှာ Pu Ca Kung နှင့် ဇနီးဖြစ်သူ Pi Ram Iang, Pu Bawi Hram, Pa Ram Ceu, Pa Than HTang, Nu Ni Tin thluai တို့ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညနေတွင် ဖမ်းဆီးခံရသူပေါင်း ၆ ဦးရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်များမှ ဟားခါးထာရ်နှစ်ခြင်းအသင်းတော်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကာ ပျက်စီးဆုံးရှုံးမှုတော့မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင်လည်း ဟားခါးမြို့တွင် လူ ၁၂ ဦးထိ အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...
February 18, 2026
အာဏာသိမ်းစစ်ကော်မရှင်၏ ပြန်လည်ထိုးစစ်ဆင်မှုများ ပိုပြင်းထန်လာနေသည့် ချင်းပြည်နယ်တွင် ယခုနှစ်...
February 17, 2026
စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်ရှိ ကျေးရွာတချို့မှာ အတင်းအဓမ္မ တပ်သားစုဆောင်းခံနေရသည့်အတွက်...
February 16, 2026
မြန်မာနိုင်ငံဘက်သို့ ကုန်စ္စည်းများပို့ဆောင်သည့် မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့က...