ဟားခါးမြို့တွင် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၆ ဦးအားဖမ်းဆီး၊ အသက် ၆၀ ကျော်လင်မယားနှစ်ဦးပါဝင်

ဟားခါးမြို့တွင် စစ်ကောင်စီမှ အပြစ်မဲ့ပြည်သူ ၆ ဦးအားဖမ်းဆီး၊ အသက် ၆၀ ကျော်လင်မယားနှစ်ဦးပါဝင်

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဟားခါးထာရ်ရပ်ကွက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယမန်နေ့ (မေလ ၇ ရက်) ညနေပိုင်း ၅ နာရီနှင့် ၆ နာရီကြားတွင် ဖမ်းဆီးမည့်သူများအား လိုက်လံရှာဖွေရာ အိမ်တွင်မရှိသဖြင့် အသက် (၆၀) ကျော် လင်မယားနှစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

“သူတို့ လူဖမ်းဖို့ အိမ်တွေမှာလိုက်ရှာတာ၊ သူတို့သားကိုရှာတာ၊ မတွေ့လို့ သူတို့လင်မယားကိုဖမ်းသွားတာ၊ နှစ်ယောက်စလုံးက အသက်ခြောက်ဆယ်ကျော်ရှိကြပြီ၊ နောက်ထပ်တစ်ယောက်ကိုထပ်ရှာတော့ သူ့ကိုမတွေ့တာနဲ့ အဲဒီနားကတစ်ယောက်ကို ထပ်ဖမ်းတယ်၊ အဲမှာ သူတို့က သေနတ်ပစ်ဖောက်တော့ လန့်ပြီးတော့ပြေးတဲ့သူကိုလည်း ဖမ်းတယ်၊ နောက်တစ်အိမ်ကိုထပ်ဝင်ပြီးတော့ လူတစ်ယောက်ထပ်ဖမ်းတယ်၊ ဘာလို့ဖမ်းလဲမသိဘူး၊ အဲမှာ ၂ သိန်းခွဲလောက် ခိုးသွားသေးတယ်” ဟု ဟားခါးမြို့ခံတစ်ဦးမှ ပြောသည်။

အဖမ်းခံရသူ ၆ ဦးမှာ Pu Ca Kung နှင့် ဇနီးဖြစ်သူ Pi Ram Iang, Pu Bawi Hram, Pa Ram Ceu, Pa Than HTang, Nu Ni Tin thluai တို့ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ညနေတွင် ဖမ်းဆီးခံရသူပေါင်း ၆ ဦးရှိပြီး အာဏာသိမ်းစစ်ကောင်စီတပ်များမှ ဟားခါးထာရ်နှစ်ခြင်းအသင်းတော်ကိုလည်း ဝင်ရောက်စီးနင်းခဲ့ကာ ပျက်စီးဆုံးရှုံးမှုတော့မရှိကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင်လည်း ဟားခါးမြို့တွင် လူ ၁၂ ဦးထိ အာဏာသိမ်းစစ်ကောင်စီမှ ဖမ်းဆီးခဲ့ပြီး ညနေပိုင်းတွင် ၁၀ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...