မတူပီမြို့တွင် ဖမ်းဆီးခံရသောလူငယ် ၅ ဦးကို မေလ ၁၄ ရက်နေ့သို့ ရုံးပြန်ချိန်း

မတူပီမြို့တွင် ဖမ်းဆီးခံရသောလူငယ် ၅ ဦးကို မေလ ၁၄ ရက်နေ့သို့ ရုံးပြန်ချိန်း
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် မတ်လဆန်းပိုင်းက ဆန္ဒဖော်ထုတ်နေသည့် မတူပီလူငယ်များ။
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် မတ်လဆန်းပိုင်းက ဆန္ဒဖော်ထုတ်နေသည့် မတူပီလူငယ်များ။

ချင်းပြည်နယ်၊ မတူူပီမြို့တွင် ဧပြီလ ၇ ရက်နှင့် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီများ၏ ဖမ်းဆီးမှုခဲ့ရသော လူငယ် ၅ ဦးကို မေလ ၇ ရက်နေ့ မနက် ၁၁ နာရီက ရုံးထုတ်ခဲ့သော်လည်း ၎င်းတို့၏ရှေ့နေများ မရောက်လာနိုင်သဖြင့် မေလ ၁၄ ရက်နေ့သို့ ထပ်မံရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။  

“ဒီနေ့က ရုံးထုတ်တယ်၊ ဒါပေမယ့် ရှေ့နေတွေကလည်း ပခုက္ကူကနေငှားတာလေ၊ အဲ့တာ မင်းတပ်အခြေအနေကြောင့် မလာနိုင်ဘူးဆိုပြီးတော့ ၁၄ ရက်နေ့ကို ပြန်ပြီးတော့ ရုံးချိန်းထားတယ်၊ ခနလောက်တော့ စကားပြောတယ်၊ ၁၁ နာရီ ၂၀ မိနစ်လောက်မှာ၊ သူတို့ကို ရဲစခန်းကိုပြန်ပြီး တော့ ခေါ်ဆောင်သွားပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

မတူပီမြို့တွင် ယခုအဖမ်းခံရသူ ၅ ဦးတို့မှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြကာ Salai Timothy, Salai Titus, Salai John Ahta, Salai Naung Naung နှင့် ပရဟိတအသင်းဥက္ကဌ ဦးထွန်းလင်းဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို မတူပီမြို့ မြို့မရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

၎င်းတို့ကို ဧပြီလ ၂၃ ရက်နေ့ကလည်း တစ်ကြိမ်ရုံးထုတ်ခဲ့သော်လည်း ဘာမှထူးခြားမှုမရှိကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင်လည်း ရိုက်နှက်မှုခံရသည့်အပြင် အဖွဲ့ထဲမှတစ်ဦးကိုလည်း ပလက်စတစ်ဖြင့်ခေါင်းကိုဖုံးအုပ်ပြီး ရိုက်နှက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါဖမ်းဆီးခံရသည် ပုဂ္ဂိုလ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသောကြောင့် ရဲနှင့်စစ်တပ်ဖက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

Most read this week

December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...