မတူပီမြို့တွင် ဖမ်းဆီးခံရသောလူငယ် ၅ ဦးကို မေလ ၁၄ ရက်နေ့သို့ ရုံးပြန်ချိန်း

မတူပီမြို့တွင် ဖမ်းဆီးခံရသောလူငယ် ၅ ဦးကို မေလ ၁၄ ရက်နေ့သို့ ရုံးပြန်ချိန်း
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် မတ်လဆန်းပိုင်းက ဆန္ဒဖော်ထုတ်နေသည့် မတူပီလူငယ်များ။
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်သည့်အနေဖြင့် မတ်လဆန်းပိုင်းက ဆန္ဒဖော်ထုတ်နေသည့် မတူပီလူငယ်များ။

ချင်းပြည်နယ်၊ မတူူပီမြို့တွင် ဧပြီလ ၇ ရက်နှင့် ၈ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီများ၏ ဖမ်းဆီးမှုခဲ့ရသော လူငယ် ၅ ဦးကို မေလ ၇ ရက်နေ့ မနက် ၁၁ နာရီက ရုံးထုတ်ခဲ့သော်လည်း ၎င်းတို့၏ရှေ့နေများ မရောက်လာနိုင်သဖြင့် မေလ ၁၄ ရက်နေ့သို့ ထပ်မံရုံးပြန်ချိန်းလိုက်သည်ဟု သိရသည်။  

“ဒီနေ့က ရုံးထုတ်တယ်၊ ဒါပေမယ့် ရှေ့နေတွေကလည်း ပခုက္ကူကနေငှားတာလေ၊ အဲ့တာ မင်းတပ်အခြေအနေကြောင့် မလာနိုင်ဘူးဆိုပြီးတော့ ၁၄ ရက်နေ့ကို ပြန်ပြီးတော့ ရုံးချိန်းထားတယ်၊ ခနလောက်တော့ စကားပြောတယ်၊ ၁၁ နာရီ ၂၀ မိနစ်လောက်မှာ၊ သူတို့ကို ရဲစခန်းကိုပြန်ပြီး တော့ ခေါ်ဆောင်သွားပြီ” ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

မတူပီမြို့တွင် ယခုအဖမ်းခံရသူ ၅ ဦးတို့မှာ တက္ကသိုလ်ကျောင်းသားများဖြစ်ကြကာ Salai Timothy, Salai Titus, Salai John Ahta, Salai Naung Naung နှင့် ပရဟိတအသင်းဥက္ကဌ ဦးထွန်းလင်းဦးတို့ဖြစ်ကြပြီး ၎င်းတို့ကို မတူပီမြို့ မြို့မရဲစခန်းအချုပ်တွင် ထိန်းသိမ်းထားသည်ဟု သိရသည်။

၎င်းတို့ကို ဧပြီလ ၂၃ ရက်နေ့ကလည်း တစ်ကြိမ်ရုံးထုတ်ခဲ့သော်လည်း ဘာမှထူးခြားမှုမရှိကြောင်း၊ ဖမ်းဆီးခေါ်ဆောင်သွားချိန်တွင်လည်း ရိုက်နှက်မှုခံရသည့်အပြင် အဖွဲ့ထဲမှတစ်ဦးကိုလည်း ပလက်စတစ်ဖြင့်ခေါင်းကိုဖုံးအုပ်ပြီး ရိုက်နှက်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

အဆိုပါဖမ်းဆီးခံရသည် ပုဂ္ဂိုလ်များသည် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနှင့် CDM လှုပ်ရှားမှုတို့တွင် ပါဝင်ကြသည်ဟု သံသယရှိသောကြောင့် ရဲနှင့်စစ်တပ်ဖက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့နယ် နှင့် မကွေးတိုင်းဆောမြို့နယ်၊ ကျောက်ထုဒေသအစပ်ကြားရှိ...
April 30, 2026
ချင်းပြည်နယ်မြောက်ပိုင်းက စစ်ရေးအချက်အချာကျသည့် ဖလမ်းမြို့နှင့် ဆူရ်းဘုန်လေဆိပ်တို့ စစ်တပ်လက်ထဲ...
April 29, 2026
ချင်းပြည်တောင်ပိုင်း၊ မင်းတပ်မြို့နှင့် ၁၀ မိုင် ခန့်သာ ကွာဝေးပြီး ချင်း- ရခိုင်- မကွေး...
April 28, 2026
မလေးရှားသို့သွားရန် ကြိုးပမ်းစဉ် လမ်းခုလတ်တွင် အသက်ရှူကျပ်ကာ ကွယ်လွန်သွားခဲ့ရသည့် ချင်းလူငယ် Tg...