ကော့ကရိတ်မြို့တွင် တစ်ရက်အတွင်း ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ပွား

ကော့ကရိတ်မြို့တွင် တစ်ရက်အတွင်း ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ပွား

ရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်တွင် ယနေ့ (မေ ၇ ရက်)၊ နေလည် ၁၂ နာရီခွဲဝန်းကျင်ခန့်တွင် ဗုံးပေါက်ကွဲမှု နှစ်နေရာ ဖြစ်ပွားသည်ဟု မြို့ပေါ်နေထိုင်သူများထံမှ သိရသည်။

အဆိုပါပေါက်ကွဲမှုသည် ကော့ကရိတ်ပညာရေးမှူးရုံးရှေ့တစ်နေရာနှင့် ဆေးရုံဝင်းတစ်နေရာ၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများ မရှိကြောင်း မြို့ပေါ်နေထိုင်သူများ၏ ပြောဆိုချက်အရ သိရသည်။

အမည်မဖော်လိုသူ ဒေသခံတစ်ဦးက "ဖြစ်တာက နေ့လည် ၁၂ ကျော်မှာပေါ့နော်။ ပညာရေးမှူးရုံးမှာ တစ်လုံးပေါက်တယ်။ ဆေးရုံဝင်းမှာလည်း တစ်လုံးပေါက်တယ်။ ဗုံးပေါက်ပြီးတော့ သေနတ်သံတွေလည်းကြားရတယ်။ ကြားတာကတော့ ထိခိုက်တဲ့လူမရှိဘူး" ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ မည်သည့်အဖွဲ့မှ ပြုလုပ်သွားသည်ကို မသိရသေးသလို မည်သည့်အဖွဲ့မှ သေနတ်ပစ်ခတ်သွားသည်ကိုလည်းမသိရသေးကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

မြို့အတွင်း ဗုံးပေါက်ကွဲမှု နှစ်နေရာဖြစ်ပွားခဲ့ပြီးနောက် ကော့ကရိတ်မြို့အတွင်းရှိ ချောင်းတောင်တံတားကိုလည်း ယနေ့နေ့လည်တွင် အသွား/အလာ ပိတ်ထားလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ့တွင်လည်း လှိုင်းဘွဲမြို့ ပညာရေးမှူးရုံးအနီးတွင် အလားတူပေါက်ကွဲမှုမျိုး ဖြစ်ပွားခဲ့သလို ဧပြီ ၂၆ ရက်နေ့တွင်လည်း မြဝတီမြို့ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ နေအိမ်ခြံဝင်းတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခြင်းရှိခဲ့သည်ဟုလည်း သိရသည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...