လေပြင်းတိုက်ခတ်မှုကြောင့် သံလွင်မြစ်ကမ်းနံဘေးရှိ ကရင်ကျောင်းဆရာအတတ်သင်ကောလိပ် ကျောင်းဆောင်များပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် သံလွင်မြစ်ကမ်းနံဘေးရှိ ကရင်ကျောင်းဆရာအတတ်သင်ကောလိပ် ကျောင်းဆောင်များပျက်စီး

လေပြင်းတိုက်ခတ်မှုကြောင့် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်မြေ မူတြော်ခရိုင်၊ တပ်မဟာ (၅) ဟိုကေဒေသရှိ ကရင်ကျောင်းဆရာအတတ်သင်ကောလိပ် (Karen Teacher Training College-KTTC ) ကျောင်းဆောင်အများအပြား ပျက်စီးသွားသည်ဟု တာဝန်ရှိသူထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် မိုးသက်လေးပြင်တိုက်ခတ်သည့်အတွက် ကောင်ကုန်းပေါ်တွင်တည်ဆောက်ထားသည့် (KTTC) ကောလိပ်ကျောင်းဝင်းအတွင်းရှိသည့် ကျောင်းဆောင်နှင့် ဘော်ဒါဆောင်အဆောက်အဦးများ ပျက်စီးသွားသလို ကျောင်းသူ/ကျောင်းသားများ၏ စားနပ်ရိက္ခာများလည်း ပျက်စီးခဲ့သည်ဟု သိရသည်။

Karen Teacher Working Group (KTWG) ဒါရိုက်တာ နော်လယ်ထူးက “ပျက်စီးသွားတာတော့ အများကြီးရှိတယ်။ ပြီးတော့ အဲဒီမှာရှိတဲ့ ကျောင်းသူ/ကျောင်းသားတွေအတွက် နောက်ထပ်၂ လစာ၊ ၃ လစာလောက်ခံမယ့် ဆန်တွေကလည်း ပျက်စီးသွားတယ်။ ပြီးတော့ ကျောင်းဆင်းပွဲလုပ်ဖို့လည်းရှိတော့ အဆောက်အဦးပြန်ဆောက်ပြီးမှ ပြန်လုပ်ရမယ်” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ပျက်စီးသွားသည့်အထဲတွင် အဆောက်အဦး ၆ လုံး ပါဝင်သည့်အပြင် ကျောင်းအတွက်အသုံးပြုသည့် ဆိုလာပြားများလည်း ပျက်စီးသွားခဲ့သည်ဟု နော်လယ်ထူးက ပြောသည်။

ကျောင်းဆောင်အဆောက်အဦးများ ပျက်စီးသွားသောကြောင့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် ကျောင်းတက်နေသည့် ကျောင်းသားများအတွက် ဘွဲ့လက်မှတ်ပေးအပ်မည့် အခမ်းအနားကိုလည်း ရက်ရွှေ့လိုက်ရသည်ဟု သိရသည်။

ကရင်ကျောင်းဆရာအတတ်သင်ကောလိပ် (KTTC) ကို Karen Teacher Working Group နှင့် ကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန (KECD) တို့ ပူးပေါင်းတည်ထောင်ထားခြင်းဖြစ်သည်။

May 2, 2026
နန်းဝေဖြိုး — တောတောင်များကြားက တရှရှ တိုက်ခတ်လာတဲ့ လေပြေနဲ့အတူ ယွန်းစလင်းချောင်းရေဟာ...
Photo : KIC
May 1, 2026
ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေများအတွင်း စစ်အုပ်စု၏...
April 30, 2026
ကရင်ပြည်နယ်၊ နယ်စပ်မြို့ဖြစ်သည့် မြဝတီမြို့အတွင်း ခွင့်ပြုချက်မရှိဘဲ လက်နက်ကိုင် ဆောင်သွား...
April 29, 2026
မြဝတီ-မဲဆောက်ကုန်သွယ်ရေးတံတားအမှတ်(၂)ကို ပြန်လည်ဖွင့်လှစ်တော့မည့်သတင်းများ ထွက်ပေါ်လာအပြီး ဧပြီလ...