စစ်ကောင်စီတပ်မှ သံလွင်မြစ်အတွင်းသွားလာသည့် စက်လှေအား ထပ်မံပစ်ခတ်

စစ်ကောင်စီတပ်မှ သံလွင်မြစ်အတွင်းသွားလာသည့် စက်လှေအား ထပ်မံပစ်ခတ်

KNU - ကရင်အမျိုးသားအစည်းအရုံး မူတြော် (ဖာပွန်) ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေ သံလွင်မြစ်ထဲတွင် သွားလာနေသည့် ဒေသခံ၏စက်လှေကို စစ်ကောင်စီတပ်ဘက်မှ ထပ်မံပစ်ခတ်မှုရှိနေသည်ဟု ဒေသခံထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၄ ရက်နေ၊ နေ့လည် ၁၁ နာရီဝန်းကျင်ခန့်တွင် သံလွင်မြစ်အတွင်း သွားလာနေသည့် ဒေသခံလှေတစ်စင်းအား ထီးရော်ထာ စစ်ကောင်စီတပ်စခန်းမှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာတွင် စက်လှေကိုထိမှန်သော်လည်း စက်လှေထဲတွင်ပါလာသူများကို ထိခိုက်မှုမရှိကြောင်း ထိုဒေသရှိ စက်လှေမောင်းသူတစ်ဦးက ပြောသည်။

သူက "စက်လှေကိုပစ်သွားတာက ထီးရော်ထာ့မှာပါ။ ပြီးခဲ့တဲ့ ၄ ရက်နေ့ကနော်။ စက်လှေကိုတော့ ထိသွားတယ်။ လူတော့မထိဘူး။ စက်လှေသမားကတော့ သူးမွဲထာရွာမှာနေတယ်။ ဆွေမျိုးဆီကိုသွားတဲ့အချိန်မှာ အပစ်ခံရတာ" ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ပစ်ခတ်ခဲ့သည့် စစ်ကောင်စီတပ်သည် ခမရ ၃၄၂ တပ်ရင်းဖြစ်ပြီး ထိုသို့ စက်လှေပစ်ခတ်ခံရမှုကြောင့် လက်ရှိအချိန်တွင် ဒေသခံများ ဖြတ်သွားဖြတ်လာမရှိကြတော့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလမှစတင်၍ ယခုမေလအထိ သံလွင်မြစ်အတွင်း ဖြတ်သန်းသွားလာနေသည့် အရပ်သားစက်လှေများကို စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ပစ်ခတ်မှု ၄ ကြိမ်တိုင်တိုင် ရှိနေပြီးဖြစ်သည်။

ထို့အပြင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကြောတစ်လျှောက် သွားလာနေသည့် စက်လှေများကို အနီးအနားရှိ စစ်ကောင်စီတပ်စခန်းထံ သတင်းပို့အကြောင်းကြားရမည်ဖြစ်ကာ အကြောင်းမကြားဘဲသွားလာပါက ပစ်ခတ်မည်ဆိုပြီး အဆိုပါဒေသအတွင်းအခြေချသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်မှ စက်လှေမောင်းသူများကို ပြီးခဲ့သည့်ဧပြီလတွင် သတိပေးခြိမ်းခြောက်ထားခြင်းလည်းရှိခဲ့သည်။

Photo: BGF
January 13, 2026
ဖားအံခရိုင်၊ လှိုင်းဘွဲ (ဖားအံ) မြို့နယ်ရှိ နယ်ခြားစောင့်တပ်-BGF တပ်ဖွဲ့၏ ဥဒေါင်းစခန်းနှင့်...
Photo: KNA
January 12, 2026
စစ်အုပ်စု၏အတုအယောင်ရွေးကောက်ပွဲ ဒုတိယပိုင်းတွင်ပါဝင်သည့် ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ...
January 9, 2026
နယ်မြေထိန်းချုပ်မှု၊ အုပ်ချုပ်ရေးစနစ်နှင့် အုပ်ချုပ်ခံပြည်သူလူထုမရှိဘဲ အစိုးရ တစ်ရပ်တည်ဆောက်၍...
January 8, 2026
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူး-ဝေါလေ တောင်ကြော၊ ကျော်ဝါးဘိုး တောင်ကြောဘက်သို့...