နစကစစ်ကောင်စီ၏ NSPC နှင့် DKBA, KNU/KNLA-PC သီးခြားစီတွေ့ဆုံ

နစကစစ်ကောင်စီ၏ NSPC နှင့် DKBA, KNU/KNLA-PC သီးခြားစီတွေ့ဆုံ
NSPC နှင့် KNU/KNLA-PC တွေ့ဆုံပွဲ (Eleven Media Group)
NSPC နှင့် KNU/KNLA-PC တွေ့ဆုံပွဲ (Eleven Media Group)

နစက စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPC နှင့် NCA လက်မှတ်ရေးထိုးထားသည့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA, ကရင်အမျိုးသားအစည်း အရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)- KNU/KNLA (PC) တို့ နေပြည်တော်၌ ဧပြီလ ၂၆ ရက်နေ့တွင် သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ NSPC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်သည့် စစ်ကောင်စီအဖွဲ့က DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးစောမိုရှေး ဦးဆောင်သည့်အဖွဲ့တို့ကို နံနက်ပိုင်းတွင်လည်ကောင်း၊ KNU/KNLA-PC အတွင်းရေးမှူးချုပ် ဗိုလ်ချုပ် နော်ကဘော်ထူး ဦးဆောင်သည့်အဖွဲ့ကို မွန်းလွဲပိုင်းတွင်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ကြီးစောမိုရှေးက “ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်သွားမယ့်ခရီးက အရေးကြီးတယ်။ ကျန်ခဲ့တဲ့ မနေ့က အနေအထားက ပြီးသွားပြီ။ ရှေ့ဆက်မယ့် အခြေအနေက ကျွန်တော်တို့အတွက် အရေးကြီးတယ်။ အဲ့တာကြောင့် ဒီငြိမ်းရေးဖြစ်စဉ် သွားမယ့် တောက်လျောက် တောက်လျောက်မှာ ကျွန်တော်တို့က ဒီလမ်းကြောင်း ပေါ်ကနေပြီးတော့ ဘယ်တော့မှ အောက်မဆင်းဘူး။ ကျန်တဲ့သူတွေလည်း လိုက်ပါလာဖို့လိုတယ်” ဟု ပြောသည်။

နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုများရှိနေသော်လည်း မိမိတို့၏ခံယူချက်သည် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွင် အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးထားသည့်အတိုင်း ဒေသတည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် မူးယစ်ဆေးဝါးပပျောက်ရေးလုပ်ငန်းများကို အတူတကွ ဆက်လက်ဆောင်ရွက်နေကြောင်း ၎င်းက ဆက်ပြောသည်။

“လက်ရှိအနေအထားမှာတော့ ကျွန်တော်တို့အနေနဲ့ NCA ပါ သဘောတူညီချက်တွေအတိုင်း ဆောင်ရွက်ထားတယ်။ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ဆက်လက်ဆောင်ရွက်မယ်ဆိုပြီးတော့ NCA အခန်း(၁)မှာ ပါဝင်တဲ့ အခြေခံမူတွေအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လက်ရှိ အနေအထားကတော့ NCA အကောင်အထည်ဖော်မှုနဲ့ပတ်သက်ပြီးတော့မှ တပ်မတော်အနေနဲ့ကတော့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်ဆောင်ရွက်သွားမယ်။ ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်နဲ့ ဒီမိုကရေစီကျင့်စဉ်အရ ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်ပေါ်ပေါက်လာနိုင်ဖို့အတွက် ဦးတည်ပြီးတော့မှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်'' ဟု NSPC ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြောကြားချက်ကို Eleven Media က ဖော်ပြသည်။

သို့ရာတွင် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းနှင့်စပ်လျဉ်း၍ NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့၏ ငြိမ်းချင်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST အနေဖြင့် အာဏာသိမ်းစစ်ကောင်စီနှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ရပ်ဆိုင်းထားမည်ဖြစ်သော်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အချို့ သီးခြားစီဆက်လက်တွေ့ဆုံသွားမည့်အနေအထားရှိကြောင်း ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာသူအချို့က သုံးသပ်ကြသည်။

ပုံ- တနင်္သာရီစစ်ဘေးရှောင်
April 25, 2026
စစ်ကော်မရှင်အဖွဲ့ထံ ချိတ်ဆက်လှုဒါန်းထားသည့် နိုင်ငံတကာအထောက်အပံ့များသည်...
April 25, 2026
မာံသဟာဲ (မင်းစဟိုင်း) — မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် (ဘီလူးကျွန်း)၊ ကမာမိုကျေးရွာတွင်...
ပုံ-Facebook
April 24, 2026
တနင်္သာရီတိုင်း၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီး၊ မြိတ်-ထားဝယ်ကားလမ်းပိုင်းကို...
April 23, 2026
မွန်ပြည်နယ် မြို့နယ်အချို့တွင် အပူချိန်မြင့်တက်မှုနှင့်အတူ သင်္ကြန်ရက်အလွန်...