မိုးမောက်မြို့နယ် ရှမ်းစစ်ရှောင်များကို ရှမ်းနီပါတီနှင့် ရှမ်းနီစာ/ယဉ် အဖွဲ့တို့က ကူညီလှူဒါန်း

မိုးမောက်မြို့နယ် ရှမ်းစစ်ရှောင်များကို ရှမ်းနီပါတီနှင့် ရှမ်းနီစာ/ယဉ် အဖွဲ့တို့က ကူညီလှူဒါန်း

 မိုးမောက်မြို့နယ် မြို့သစ်ကျေးရွာ ၊ စီဟက်ကျေးရွာ စသည့်ကျေးရွာ အနီးတိုက်ပွဲကြောင့် ဗန်းမော်မြို့ပေါ်ကို စစ်ရှောင်လာခဲ့သူများကို ကျားနီပါတီ(TNDP) နှင့် ရှမ်းနီစာ/ယဉ်အဖွဲ့များက ကူညီလှူဒါန်းမှုများ ပြုလုပ်ပေးခဲ့ ကြောင်းသိရသည်။

ဗန်းမော်မြို့ကို တိမ်းရှောင်လာကြသည့် ရှမ်းတိုင်းရင်းသား တစ်ထောင်နီးပါးခန့်ရှိပြီး သိမ်မဟာကျောင်း ၊ သိမ်မဟာမိုးကုတ်ရိပ်သာ ၊ ရွှေကျီးနား ကဇာတ်ရုံ ၊ ပရဟိတကျောင်း တို့တွင် ခိုလှုံလျက်ရှိနေကြသည်။

 ကျားနီပါတီ နှင့် စာပေယဉ်‌ကျေးမှုအဖွဲ့အစည်းများက လတ်တလောတွင် ၎င်းတို့၏ စားသောက်ရေးအတွက် ကူညီမှုများကို အဓိကထား ပံ့ပိုးကူညီပေးနေကြောင်း သိရသည်။

 “ နေရပ်ပြန်ဖို့က သူတို့ပြန်ချင်တယ်။ တိုက်ပွဲမဖြစ်တာကတော့ သုံးရက်‌လောက်ရှိပြီ၊ အခုက ဘာဖြစ်နေလဲဆိုတော့ ရွာတွေမှာ စစ်ကြောင်းတွေက ဝင်ပြီးနေတဲ့အခါကျတော့ တစ်ဖက်ကလာလာပစ်တယ်။ ကြားက ရွာသားတွေက ဒုက္ခဖြစ်ရတာပေါ့” ဟု ဗန်းမော်မြို့နယ် ကျားနီပါတီမှ ဦးစိုင်းတင်အောင် ကပြောသည်။

 ဧပြီလ ၁၁ ရက်နေ့ကစပြီး KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့်  မိုးမောက်မြို့နယ် မြို့သစ် ၊ မင်းကျမ်း ၊ စီဟက် ၊ ပန်ဟိုင်းချို ၊ နောင်ကုန် ၊ နောင်ကွမ် စသည့် ကျေးရွာများက တည်ငြိမ်အေးချမ်းမှုရှိသည့် ဗန်းမော်မြို့နယ်ကို ထွက်ပြေးတိမ်ရှောင်လာခဲ့ကြသည်။

 ရှမ်းနီအသံက ပြုစုထားသည့်စာရင်းအရ ဧပြီလ ၁၂ ရက်နေ့မှ ဧပြီလ ၂၃ ရက်နေ့ထိ ရှမ်းတိုင်းရင်းသားစစ်ဘေးရှောင် နှစ်ထောင်ကျော်ရှိသည်။   

  ကချင်တိုင်းရင်းသားများက  KBC ဘုရားကျောင်းများတွင်  တိမ်းရှောင်ခိုလှုံနေကြသည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...