NUG အစိုးရတွင် ပါဝင်နေသောမွန်ဝန်ကြီး ၂ ဦးကို MSICC ရွေးချယ်ပေးထားသည်ဟုဆို

NUG အစိုးရတွင် ပါဝင်နေသောမွန်ဝန်ကြီး ၂ ဦးကို MSICC ရွေးချယ်ပေးထားသည်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ပါဝင်နေသော မွန်ဝန်ကြီး ၂ ဦးကို မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee- MSICC က ရွေးချယ်ပေးထားကြောင်း သိရသည်။

NUG အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးတို့ကို MSICC ရွေးချယ်ပေးထားသည်ဟု ဆိုသည်။

မင်းဇေယျာဦးက “ကျနော်တို့ NUG အစိုးရမှာ MSICC ကိုယ်စားလှယ်အနေနဲ႔ ပါဝင်နေတာပါ၊ မွန်ဒီမိုကရက်တစ်အင်အားစုတွေ စုဖွဲ့ထားတဲ့ နိုင်ငံရေးလမ်းကြောင်းတစ်ကြောင်းအသစ်တစ်ခု ဖော်ဆောင်ထားတာရှိပါတယ်၊ အင်္ဂလိပ်အတိုကောက် MSICC မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီလို့ခေါ်ပါတယ် အဲဒီကရွေးချယ်ပြီး နာမည်စာရင်းပေးပို့တဲ့အတိုင်း ကျနော်တို့ကို NUG အသိအမှတ်ပြုပေးခဲ့တာဖြစ်တယ်” ဟု ဆိုသည်။

သို့ရာတွင် အဆိုပါ မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အား  မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများက မည်ကဲ့သို့ဖွဲ့စည်းခဲ့သည်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။

“တစ်ခုပြောလိုတာက အခုလိုအချိန်အခါမှာ MSICC မှာ ပါဝင်နေတဲ့ နောက်ခံအဖွဲ့အစည်းတွေကို ဖော်ပြလို့မသင့်သေးဘူးလို့ ထင်ပါတယ်၊ NUG ထဲမှာ ပုဂ္ဂလိက တစ်သီးပုဂ္ဂလ တစ်ဦးချင်းအနေနဲ့ ကျနော်တို့ ပါဝင်နေတာ မဟုတ်ပါဘူး၊ နောက်ထပ်တိုးချဲ့ဖွဲ့စည်းသွားမယ့် ဝန်ကြီးဌာနမှာလည်း MSICC ဝန်ကြီးတစ်ပါး ထပ်မံအဆိုပြုထားတာရှိပါသေးတယ်” ဟု မင်းဇေယျာဦးက ဆက်ပြောသည်။

လက်ရှိ NUG အစိုးရအဖွဲ့တွင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုတိယသမ္မတတစ်ဦး၊ ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီးဌာန ၁၁ နေရာတွင် ဝန်ကြီး ၁၀ ဦး၊ ဒုတိယဝန်ကြီး ၁၂ ဦးပါဝင်ကြောင်း တွေ့ရှိရသည်။  

တဖက်တွင်လည်း မွန်ညီညွတ်ရေးပါတီ MUP ရွေးချယ်ပေးသော ကိုယ်စားလှယ် ၂ ဦးတို့အား နစကကောင်စီအဖွဲ့ဝင်တစ်ဦးနှင့် ကျန်တစ်ဦးကိုပြည်နယ်အဆင့် ပစကကောင်စီအဖွဲ့ဝင်အဖြစ် အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားသည်။

September 11, 2026
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်အုပ်စုတပ်က ၂...
September 11, 2026
စစ်ခေါင်းဆောင် ဦးမင်းအောင်လှိုင် ဦးဆောင်နေသည့် အသွင်ပြောင်း အစိုးရသက်တမ်း ၅ နှစ်တာ ကာလ အတွင်း...
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ရေကြီးနစ်မြုပ်နေစဉ်။ / Crd
September 10, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်အတွင်း ရေကြီးနစ်မြုပ်နေသည်မှာ သုံးပတ်နီးပါး ကြာမြင့်လာပြီး...
September 10, 2026
မွန်ပြည်၊ မုဒုံမြို့နယ်၊ ကမာဝက်-အဘစ်လမ်းမကြီးတစ်လျှောက် ဆိုင်ကယ်နှင့် ဖုန်း လုယက်ခံရမှုများအပြင်...