NUG အစိုးရတွင် ပါဝင်နေသောမွန်ဝန်ကြီး ၂ ဦးကို MSICC ရွေးချယ်ပေးထားသည်ဟုဆို

NUG အစိုးရတွင် ပါဝင်နေသောမွန်ဝန်ကြီး ၂ ဦးကို MSICC ရွေးချယ်ပေးထားသည်ဟုဆို

အမျိုးသားညီညွတ်ရေးအစိုးရ NUG တွင် ပါဝင်နေသော မွန်ဝန်ကြီး ၂ ဦးကို မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ Mon State Interim Coordination Committee- MSICC က ရွေးချယ်ပေးထားကြောင်း သိရသည်။

NUG အစိုးရအဖွဲ့ဝင် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နိုင်ကောင်းရွက်နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုုပ်နှံမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး မင်းဇေယျာဦးတို့ကို MSICC ရွေးချယ်ပေးထားသည်ဟု ဆိုသည်။

မင်းဇေယျာဦးက “ကျနော်တို့ NUG အစိုးရမှာ MSICC ကိုယ်စားလှယ်အနေနဲ႔ ပါဝင်နေတာပါ၊ မွန်ဒီမိုကရက်တစ်အင်အားစုတွေ စုဖွဲ့ထားတဲ့ နိုင်ငံရေးလမ်းကြောင်းတစ်ကြောင်းအသစ်တစ်ခု ဖော်ဆောင်ထားတာရှိပါတယ်၊ အင်္ဂလိပ်အတိုကောက် MSICC မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီလို့ခေါ်ပါတယ် အဲဒီကရွေးချယ်ပြီး နာမည်စာရင်းပေးပို့တဲ့အတိုင်း ကျနော်တို့ကို NUG အသိအမှတ်ပြုပေးခဲ့တာဖြစ်တယ်” ဟု ဆိုသည်။

သို့ရာတွင် အဆိုပါ မွန်ပြည်နယ်ကြားကာလပူးပေါင်းဆောင်ရွက်ရေးကော်မတီ MSICC အား  မည်သည့်ပုဂ္ဂိုလ်အဖွဲ့အစည်းများက မည်ကဲ့သို့ဖွဲ့စည်းခဲ့သည်ကို ရှင်းလင်းပြောကြားခဲ့ခြင်းမရှိပေ။

“တစ်ခုပြောလိုတာက အခုလိုအချိန်အခါမှာ MSICC မှာ ပါဝင်နေတဲ့ နောက်ခံအဖွဲ့အစည်းတွေကို ဖော်ပြလို့မသင့်သေးဘူးလို့ ထင်ပါတယ်၊ NUG ထဲမှာ ပုဂ္ဂလိက တစ်သီးပုဂ္ဂလ တစ်ဦးချင်းအနေနဲ့ ကျနော်တို့ ပါဝင်နေတာ မဟုတ်ပါဘူး၊ နောက်ထပ်တိုးချဲ့ဖွဲ့စည်းသွားမယ့် ဝန်ကြီးဌာနမှာလည်း MSICC ဝန်ကြီးတစ်ပါး ထပ်မံအဆိုပြုထားတာရှိပါသေးတယ်” ဟု မင်းဇေယျာဦးက ဆက်ပြောသည်။

လက်ရှိ NUG အစိုးရအဖွဲ့တွင် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒုတိယသမ္မတတစ်ဦး၊ ဝန်ကြီးချုပ်တစ်ဦး၊ ဝန်ကြီးဌာန ၁၁ နေရာတွင် ဝန်ကြီး ၁၀ ဦး၊ ဒုတိယဝန်ကြီး ၁၂ ဦးပါဝင်ကြောင်း တွေ့ရှိရသည်။  

တဖက်တွင်လည်း မွန်ညီညွတ်ရေးပါတီ MUP ရွေးချယ်ပေးသော ကိုယ်စားလှယ် ၂ ဦးတို့အား နစကကောင်စီအဖွဲ့ဝင်တစ်ဦးနှင့် ကျန်တစ်ဦးကိုပြည်နယ်အဆင့် ပစကကောင်စီအဖွဲ့ဝင်အဖြစ် အာဏာသိမ်း စစ်ကောင်စီက ခန့်အပ်တာဝန်ပေးထားသည်။

Most read this week

December 19, 2025
တနင်္သာရီတိုင်း၊ မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၁၂ က...
December 18, 2025
တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်ရှိ စစ်ကော်မရှင် ဌာနဆိုင်ရာရုံးများကို တော်လှန်ရေး...
Photo credit - social media
December 17, 2025
မွန်ပြည်နယ်မှာ စစ်မှုထမ်းဥပဒေအရဟုဆိုကာ လူငယ်များအား အဓမ္မတပ်သားသစ်စုဆောင်း၍ သင်တန်းပေးနေသည်မှာ...
Photo credit - CJ
December 16, 2025
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းမြစ်အတွင်း စစ်ကော်မရှင်အဖွဲ့၏ ပစ်ခတ်ခံရမှုကြောင့် ရေထဲမျောပါ...