မိုးမောက်မြို့ရှိ KBC ကျောင်း၀င်းသို့ စစ်ရှောင်ပြည်သူ ၃၀၀ နီးပါးရောက်ရှိလာ

မိုးမောက်မြို့ရှိ KBC ကျောင်း၀င်းသို့ စစ်ရှောင်ပြည်သူ ၃၀၀ နီးပါးရောက်ရှိလာ

ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်အတွင်းရှိကျေးရွာများတွင် စစ်ကောင်စီတပ်မှ လက်ကြီးများ ပစ်ခတ်ကာ စစ်ကြောင်းများတိုးချဲ့လာခြင်းကြောင့် ကျေးရွာအသီးသီးမှ ဒေသခံပြည်သူများ မိုးမောက်မြို့ရှိ KBC ကချင်နှစ်ခြင်းခရစ်ယာန်ကျောင်း၀င်းသို့ထွက်ပြေးတိမ်ရှောင်ခိုလုံလာကြောင်း သိရသည်။

မြို့သစ်၊ ကုန်းလော၊ နွမ်လန့် (Num Lang)ကျေးရွာများမှ ပြည်သူများသည် ဧပြီလ ၁၄ ရက်နေ့က ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်ပြီး ဧပြီလ ၁၅ ရက်နေ့အထိ အမျိုးသား ၁၁၄ ဦး အမျိုးသမီး ၁၅၄ ဦး လူဦးရေစုစုပေါင်း ၂၇၁ ဦးရောက်ရှိနေပြီးဖြစ်သည်။

လက်ရှိတွင် ၎င်းစစ်ရှောင်လာသူများအတွက် နေထိုင်ခင်းများချမှတ် ပေးနိုင်သော်လည်း စာနပ်ရိက္ခာများလို အပ်နေကြောင်း စစ်‌ရှောင်ပြည်သူများကို ကူညီပေးနေသည့် ဆရာတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်သို့ ပြောသည်။

” ခက်ခဲမှုတွေက သူတို့လည်းတစ်ခါတည်း ရောက်ရှိလာတာဖြစ်တဲ့အတွက်ကြောင့် အစားအသောက်က ခက်ခဲတယ်၊ မနေ့ညနေနဲ့ အခုမနက်က အားလုံးစုပေါင်းပြီး ချက်စားကြတယ်၊ ဒီညနေကနေတော့ သူတို့ဘာသာသူတို့ ချက်စားနိုင်ဖို့ အိုးခွက်တွေပြင်ဆင်ပေးမှာဖြစ်တယ်” ဟုပြောသည်။

ကချင်ပြည်နယ်အတွင်း စစ်ကောင်စီများနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က နေရာဒေသအသီးသီးတွင် တိုက်ပွဲများ ဖြစ်ပွါးလျက်ရှိနေသည်။

August 6, 2026
(၃၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးအတွက် ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့တွင်...
July 25, 2026
အွန်လိုင်းငွေလိမ်ဂိုဏ်းများ (ကျားဖြန့်) နှိမ်နင်းသည့်အနေဖြင့် စစ်အုပ်စုက သက်ဆိုင်ရာ...
July 22, 2026
ကချင်ပြည်၏ မြို့တော် မြစ်ကြီးနားမြို့အပါအဝင် မြို့နယ် အတော်များများတွင် ဆက်သွယ်ရေးလိုင်းများ...
ဓါတ်ပုံ - WHO
July 17, 2026
ကချင်ပြည်အတွင်း ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု မြင့်မားနေပြီး အချို့ဒေသများတွင် ဆေးဝါးများ...