ဗန်းမော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်ထဲဝင်ပစ်မှုကြောင့် သေဆုံးခဲ့သူ၏ နာရေး ကျင်းပ

ဗန်းမော်မြို့တွင် အာဏာသိမ်းစစ်ကောင်စီက ရပ်ကွက်ထဲဝင်ပစ်မှုကြောင့် သေဆုံးခဲ့သူ၏ နာရေး ကျင်းပ

အာဏာသိမ်းစစ်ကောင်စီ၏ စစ်သားများမှ ဧပြီလ (၃) ရက်နေ့ နံနက်ပိုင်းတွင် ရပ်ကွက်ထဲအထိ ဝင်ရောက်ပစ်ခတ်မှုကြောင့် ဗန်းမော်မြို့ ၊ မင်းမနိုင်ရပ်ကွက်နေ ကိုဖိုးသား (ခ) ကိုသက်နိုင် (၂၇) နှစ် နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး နာရေးကို ယနေ့ ဧပြီလ (၅) ရက်နေ့ မွန်းလွဲ (၁) နာရီအချိန်မှာ ဗန်းမော်မြို့ ကြက်ပေါင်ခြံသုဿာန်မှာ မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူ ကိုဖိုးသား (ခ) ကိုသက်နိုင်၏ ရုပ်အလောင်းကို စစ်သားများမှ အခင်းဖြစ်ပွားခဲ့သည့် နံနက် (၈) နာရီခွဲခန့်အချိန်တွင် ယူဆောင်သွားခဲ့ပြီး နေ့လယ် မွန်းလွဲပိုင်း (၁) နာရီအချိန်ခန့်တွင် ရုပ်အလောင်းလာထုတ်ယူရန် အကြောင်းကြား သည့်အပြင် ချက်ချင်း မီးသင်္ဂြိုဟ်ကာ နာရေးကိစ္စဆောင်ရွက်ရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်းလည်း နီးစပ်သူများထံမှ သိရသည် ။

ရုပ်အလောင်းသွားရောက်ထုတ်ယူချိန် ရင်ခွဲထားသည်ကို တွေ့ရပြီး ဓာတ်ပုံရိုက်လိုင်းပေါ်မတင်ရန်နှင့် ခွဲစိတ်မှုများအား ဖွင့်မကြည့်ရန်အတွက် ဖိအားပေး ခြိမ်းခြောက်မှုများ ရှိခဲ့ကြောင်းလည်း သိရသည် ။

သေဆုံးခဲ့သူ ကိုဖိုးသား (ခ) ကိုသက်နိုင်မှာ မိခင်နှင့် ညီမသာ ရှိပြီး မိသားစုကို ရရာအလုပ်ဖြင့် ကျပန်းလုပ်ကိုင်ကျွေးမွေးနေသူဟု သိရကာ မိသားစုအတွက် အားကိုးအားထားပြုရသည့် သူတစ်ဦးဖြစ်ကြောင်း သိရသည် ။

မိခင်ဖြစ်သူမှာ ဗန်းမော်မြို့အနီးရှိ ဧရာဝတီမြစ်နှင့် တာပိန်မြစ်ဆုံရာ ဆိပ်ကမ်း၌ အချဉ်ပေါင်းရောင်းသည့် အလုပ် လုပ်ကိုင်လျက်ရှိပြီး ယခုအခါ သားဖြစ်သူ ကိုဖိုးသား (ခ) ကိုသက်နိုင် သေဆုံးခဲ့ရသည့်အတွက် သမီးဖြစ်သူနှင့် သားအမိနှစ်ယောက်သာ ကျန်ရှိခဲ့တော့သည်။

ကိုဖိုးသား (ခ) ကိုသက်နိုင်၏ နောက်ဆုံးခရီးကို ဗန်းမော်မြို့ရှိ လူဦးရေ ငါးရာခန့်က ကြက်ပေါင်ခြံသုဿာန်သို့ လိုက်ပါပို့ဆောင်ခဲ့ကြပြီး အာဏာသိမ်းစစ်အာဏာရှင်အား တော်လှန်ရင် ကျဆုံးခဲ့ရသည့် ဗန်းမော်မြို့က (၃) ယောက်မြောက် နွေဦးတော်လှန်ရေးအာဇာနည်အဖြစ် အလေးပြုခဲ့ကြောင်း သိရသည်။

Most read this week

December 4, 2025
ကချင်ပြည်နယ်၊ နမ္မတီးမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ လီဒိုလမ်းပိုင်းက စစ်ရှောင်ပြည်သူတွေဟာ...
December 3, 2025
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တစ်ဖက်ကမ်း မိုင်းကာနဲ့ မိုးစိမ်းကျွန်းရွာဘက်က ပြည်သူလူထုတွေ...
December 2, 2025
ကျည်၊ ဘတ်ဂျတ်မရှိတာနဲ့ ရဲဘော်အင်အား နည်းလာတာကြောင့် မိုးကုတ်၊ မိုးမိတ်ကိုပေးပြီး အပစ်ရပ်...
Photo credit - CJ
December 1, 2025
စစ်အုပ်စုရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း...