လာရှိုးမြို့တွင် လူငယ် ၃ ဦး ထပ်မံဖမ်းခံရ

လာရှိုးမြို့တွင် လူငယ် ၃ ဦး ထပ်မံဖမ်းခံရ

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့တွင် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြသူ ၃ ဦးကို အကြမ်းဖက် စစ်ကောင်စီမှ ဖမ်းဆီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ထိုလူငယ် ၃ ဦးကို လာရှိုးမြို့ ရပ်ကွက် (၅၊ ၆ ၊၇) တွင်နေထိုင်သည့် လူငယ် (၃)ဦးကို ဧပြီလ ၃ ရက် နေ့လည် (၂ )နာရီ ဝန်းကျင် တွင် အကြမ်းဖက် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးသွားခဲ့ကြောင်းသိရသည်။

“ သူတို့ ၃ ရက်နေ့ကလာဖမ်းသွားတာ။ လူငယ် ၃ ဦးက ဆန္ဒထွက်ပြတယ်။ ရဲ နဲ့ စစ်သားတွေကို သတင်းပေးတဲ့သူရှိလို့ လာဖမ်းတာဖြစ်နိုင်တယ်။ သတင်းပေးတဲ့သူမရှိရင်တော့ မလာနိုင်ဘူး” ဟု လာရှိုးမြို့ ဒေသခံတစ်ဦးကပြောသည်။

ထိုအဖမ်းခံရသည့် လူငယ်များမှာ အသက် ၁၈နှစ် အရွယ် မောင်ခန့်မျိုးကျော်၊ အသက် (၁၉ )နှစ်အရွယ် Oak New နှင့် အသက် (၂၁)နှစ်အရွယ် မချယ်ရီကျော်သင်း တို့ဖြစ်ကြောင်းသိရသည်။

လက်ရှိ လာရှိုးမြို့တွင် ဆန္ဒပြဦးဆောင်သူများသည် ရှောင်းတိမ်းနေရပြီး၊ အကြမ်းဖက်စစ်ကောင်စီမှ နာမည်တပ်ပြီး လိုက်လံဖမ်းဆီးနေကြောင်းသိရသည်။

“ ဆန္ဒပြတာခေါင်းဆောင်လို့ထင်ရတဲ့သူတွေကို လိုက်ဖမ်းတာ။ အခုဆိုအားလုံးက တိမ်းရှောင်းပြီးနေရတယ်။ နာမည်တပ်ပြီးတော့ လိုက်ဖမ်းနေတယ်လို့တောင်းကြားတယ်။” ဟုဒေသခံတစ်ဦး ကပြောသည်။

လာရှိုးမြို့တွင် မတ် ၂၇ရက် တွင်စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြမှုကြောင့် အကြမ်းဖက်စစ်ကောင်စီက ဆန္ဒပြလူငယ် (၃)ဦးကို သေနတ်ပစ်သတ်ခဲ့ပြီး၊ ဒဏ်ရာရရှိသူများစွာရှိခဲ့သည်။

ထို့ပြင် လားရှိုးမြိ့တွင် စစ်ကောင်စီအစိုးရ အလိုမရှိဆန္ဒပြရာတွင်လည်း ဖမ်းဆီးခံရသည်လူငယ် များစွာရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှစပြီး စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီမှ သတ်ဖြတ်သူ စုစုပေါင်း ၅၅၀ ကျော်ရှိပြီး၊ ထိုထဲတွင် ကလေးသူငယ် (၃၀) ကျော်ပါရှိကြောင်း AAPP ထုတ်ပြန်ချက်အရသိရသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...