တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်ရာကူညီပေးသူ (၄)ဦးထက်မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွား

တောင်ကြီး ညောင်ဖြူစခန်းရပ်ကွက်ရုံးမီးလောင်ရာကူညီပေးသူ (၄)ဦးထက်မနည်း စစ်ကောင်စီမှ ဖမ်းဆီးသွား

သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးလောင်ရာ သွားရောက် မီးငြိမ်းသက်ရာ တွင် ကူညီပေးသည့်သူ (၄)ဦးထက်မနည်း အကြမ်းဖက် စစ်အုပ်စုမှ ဖမ်းဆီးသွားကြောင်းစုံးစမ်းသိရသည်။

ယမန်နေ့ (ဧပြီ ၄)ရက် ည ၈နာရီဝန်းကျင်တွင် တောင်ကြီးမြို့ ညောင်ဖြူစခန်းရပ်ကွက်ရုံးတွင် ပေါက်ကွဲသံ နှင့်အတူ မီးလောင်မှု ဖြစ်ပွားကာ ရပ်ကွက်နေပြည်သူများက မီးကူငြိမ်းသက်ပေးခဲ့သည်။

ညောင်ဖြူရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမီးငြိမ်းသွားပြီးနောက် မီးငြိမ်းကူရာတွင် ပါဝင်သည့် အရပ်သား(၄)ဦးထက်မနည်း ကို အကြမ်းဖက် စစ်ကောင်စီ အုပ်စုက ရပ်ကွက်နေအိမ်ထဲသို့ ဝင်ရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တောင်ကြီးမြို့ အမည်မဖော်လိုသူ တဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနေ့ညက နေအိမ်တစ်တအိမ်ထဲမှာ ၄ ယောက် ဖမ်းသွားတယ်လို့ပြောတယ်။ ဒီမနက်လည်း စစ်ကားတွေ (၇) စီးလောက် ညောင်ဖြု စခန်းရပ်ကွက်ထဲမှာ ရှိနေတယ်။ မီးသွားငြိမ်းသတ်ကူတဲ့ ဦးလေးလည်း ပျောက်နေတယ်လို့တော့ ကြားတယ်။” အမည်မဖော်လိုသူ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

အကြမ်းဖက်စစ်အုပ်စု ဖမ်းဆီးသွားသည့် ဦးရေအတိအကျကို သိရှိနိုင်ရန် အတွက် ဆက်လက်စုံစမ်းနေဆဲ ဟု အထက်ပါ အမျိုးသား က ပြောသည်။

အဆိုပါ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး မီးလောင်ရသည့် အကြောင်းရင်းကို လက်ရှိအချိန်ထိ မသိရှိရသေးပေ။

စစ်အာဏာသိမ်းပြီးနောက် မြန်မာတဝှမ်းလုံး ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ ရဲစခန်းရုံး နှင့် စစ်တပ်ဆက်နွယ်သည့် စီးပွားရေး လုပ်ငန်းရုံးတချို့ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုမီးလောင်သည့်အချိန်ကို ပြန်ကြည့်မည်ဆိုပါက စစ်အာဏာသိမ်းပြီးနောက် ည(၈)နာရီ အပြင်မထွက်ရ ဆိုသည့် အချိန်တွင်သာ မီးလောင်နေသဖြင့် ပြည်သူများ၏ လက်ချက်မဖြစ်နိုင်ကြောင်းလည်း ပြည်သူများက တညီတညွတ်တည်း ပြောဆိုလိုက်ကြသည်။

May 12, 2026
စိုင်းဟန်လင်း — ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်မှစတင်၍ စပါးနှင့် အခြားသီးနှံများအတွက်...
May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...