ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားပိတ်စစ်ကြောင်းမှ ရှမ်းနီအမျိုးသမီးတစ်ဦးပြန်လည်လွတ်မြောက်

ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားပိတ်စစ်ကြောင်းမှ ရှမ်းနီအမျိုးသမီးတစ်ဦးပြန်လည်လွတ်မြောက်

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ပစ်ခတ်ဖြိုခွင်းဖမ်းဆီးခံခဲ့ရသည့် တိုင်းရင်းသား သပိတ်စစ်ကြောင်းမှ ရှမ်းနီအမျိုးသမီးတစ်ဦး ယနေ့ပြန်လည်လွှတ်မြောက်ခဲ့ကြောင်း သိရသည်။

၎င်းသည် အသက် ၂၀ ဝန်းကျင်အရွယ် အမျိုးသမီးဖြစ်သည်။

မန္တလေး အိုးဘိုထောင်တွင် တစ်လနီးပါး ဖမ်းဆီးခံထားရပြီး ယနေ့တွင် ပြန်လည်လွှတ်မြောက်ခဲ့ခြင်းဖြစ်သည်။

ထိုနေ့တွင် တိုင်းရင်းသားသပိတ်မှ ၁၁ ဦးနှင့် တခြားသပိတ်စစ်ကြောင်းမှ ၄၅ ဦးကျော် တစ်နေရာတည်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ပါဝင်သူများထံမှသိရသည်။

တခြားသပိတ်စစ်ကြောင်းမှ ၄၅ ဦးကျော်ကို မတ်လ ၃ ရက်နေ့တွင် အားလုံးပြန်လည်လွှတ်မြောက်လာခဲ့သည်။

သို့သော်လည်း တိုင်းရင်းသား သပိတ်မှ ၁၁ ဦးကို လွှတ်ပေးခဲ့ခြင်းမရှိပေ။

၎င်း့တိုကို ပုဒ်မ ၅၀၅ ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် တိုင်းရင်းသားသပိတ်တွင် ရှမ်းနီတိုင်းရင်းသူ ၄ ဦးပါဝင်သည်။

Photo credit - CJ
December 3, 2025
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့မှာ  မြို့သိမ်းတိုက်ပွဲတွေကြောင့် ထွက်ပြေး...
December 1, 2025
စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နယ်အတွင်းမှာ စက်သုံးဆီနဲ့ အခြေခံစားသောက်ကုန်...
November 19, 2025
မိုးညှင်းမြို့နယ် နမ္မားမြို့ ရဲစခန်းကို KIA+PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် အစောပိုင်းမှာ...
Photo credit - CJ
November 18, 2025
ဗန်းမောက်မြို့နယ်အတွင်းမှာ စက်သုံးဆီတစ်ပေပါ ကျပ်သိန်း (၃၀) ကျော်အထိစျေးနှုန်းမြင့် တက်နေတယ်လို့...