ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်

ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်

ဇော်ဝင်းဌေး — နိုင်ငံရေး မတည်ငြိမ်မှုနှင့်အတူ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်းများ မြင့်တက်နေကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ်တွင် စက်သုံးဆီစျေးနှုန်းများမှာ အောက်တိန်း ၁ လီတာလျှင် ၉၈၀ ကျပ်မှ ယခု ၁ဝဝဝကျပ်၊ ဒီဇယ်ဆီ ၁လီတာလျှင် ယခင် ၉၇၀ မှ ယခု ၁လီတာ ၉၈၀ ကျပ်နှင့် ဓာတ်ဆီ ၁ လီတာ ယခင် ၈၀၀ ကျပ်မှ ယခု ၈၁၀ ကျပ်ထိ မြင့်တက်လာကြောင်း သိရသည်။

ရခိုင်ပြည်နယ် ဆီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကိုသန်းနိုင်က  ယခုလက်ရှိ တစ်လ၊ နှစ်လ အတောအတွင်းတွင် ရေနံစိမ်း စျေးနှုန်းများ မြင့်တက်သွားသည်ဟု ပြောသည်။

“အကြမ်းအားဖြင့် ပြောရမယ်ဆိုရင် ရေနံစိမ်း တစ်စည်ကို ဒေါ်လာ ၆ဝကနေ ၁၅ဒေါ်လာလောက်တော့ ပိုတက်သွားတယ်။ ပွင့်လင့်ရာသီရောက်လာတယ်။ သုံးစွဲသူတွေလည်း တဖြည်းဖြည်းများလာတယ်။ ဒီနေ့ ဒီအချိန်ထိတော့ ဆိုင်တွေမှာ ဆီပြတ်လပ်မှုတော့ မရှိသေးဘူး” ဟုပြောသည်။

ပေါက်တောမြို့မှ စျေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်ချိုချိုဝင်းက လက်ရှိတွင် စားသုံးဆီစျေးနှုန်းနှင့် လောင်စာဆီစျေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာနေသည်ဟု ပြောသည်။

“ဓာတ်ဆီစျေးကတစ်ဂါလံကို ၃၃ဝဝကျပ်ကနေ ၄၄ဝဝကျပ်ထိမြင့်တက်လာတယ်။ စားသုံးဆီစျေးနှုန်းနဲ့ လောင်စာဆီစျေးနှုန်းတွေက မြင့်တက်လာတော့ ဝယ်ယူသုံးစွဲမှုတွေမှာ အခက်အခဲတွေ ကြုံနေရတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိနိုင်ငံရေး မငြိမ်သက်မှုအခြေအနေသည် ကုန်စည်စီးဆင်းမှုကွင်းဆက်များနှင့် စျေးကွက်များအပေါ်သို့ အကျိုးသက်ရောက်မှုကြောင့် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် စားနပ်ရိက္ခာနှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာလျက်ရှိကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ် ရိက္ခာအစီအစဉ်က မတ်လ၁၆ရက်နေ့ နေ့စွဲဖြင့် သဘောထားတစ်စောင် ထုတ်ပြန်ခဲ့သေးသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် လောင်စာဆီစျေးနှုန်းများတွင် နိုင်ငံ့အဝှမ်း ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၁၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်းကို တွေ့ရှိခဲ့သည်။ လောင်စာဆီစျေးနှုန်းများ မြင့်တက်မှုသည် စားနပ်ရိက္ခာစျေးနှုန်းများ ထပ်မံမြင့်တက်လာအောင် တွန်းပို့နိုင်မည့် အခြေအနေရှိပါသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် ဓာတ်ဆီစျေး ၃၃ ရာခိုင်နှုန်းနှင့် ဒီဇယ်စျေးနှုန်း ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်ဟုလည်း ထည့်သွင်းထုတ်ပြန်ထားသည်။

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...