ဖားကန့် ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး KIA မှ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ရင်းအား ဝင်ရောက်ပစ်ခတ်

ဖားကန့် ဆိပ်မူအုပ်စု၊ နမ့်မှော်အနီး KIA မှ အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ရင်းအား ဝင်ရောက်ပစ်ခတ်
by -
စစ်ကိုနိုင်ထွန်း

ကချင်ပြည်နယ် ၊ ဖားကန့်မြို့အနီး ၊ ဆိပ်မူအုပ်စု ၊ မော်လကေရပ်ကွက်နှင့် နမ့်မှော်အနီး၌ ည (၁) ခန့်က ကချင်တပ်မတော် KIA တပ်မဟာ (၉) လက်အောက်ခံ ၊ တပ်ရင်း (၆) နှင့် အာဏာသိမ်းစစ်တပ်လက်အောက်ခံ ရဲတပ်ရင်းတို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သတင်းရရှိသည် ။

တိုက်ပွဲဖြစ်သဖြင့် ဆိပ်မူ ၊ မော်လကေရပ်ကွက်၌ လက်နက်ကြီး ကျသဖြင့် အနီး၌ နေထိုင်သူ ဒေသခံတစ်ဦးဖြစ်သည့် ကိုကျော်ဇံဘ (၄၁) နှစ်၏ ဘယ်လက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ ည က ကိုယ့်အိပ်ယာနဲ့ကို အိပ်နေတာ ။ ကျွန်တော်က ရင်ဘက်ပေါ် လက်တင်အိပ်တုန်း လက်ကို ပူခနဲသွားပြီး ယမ်းစတွေ လာမှန်တာ ။ ပစ်နေကြတာပဲ ။ လက်နက်ကြီးလား ဘာလားမသိဘူး။ အသံတွေက ကျယ်လွန်းတော့ တစ်ညလုံးအိပ်မရသလို ၊ လက်ကဒဏ်ရာက သွေးတွေကလည်း မတိတ်ဘူး ” ဟု ကိုကျော်ဇံဘက ဖြစ်စဉ်ကို ရှင်းပြသည်။

ယခု တစ်ပတ်အတွင်း ဖားကန့်မြို့နယ်အတွင်း၌ အာဏာသိမ်းစစ်တပ်ရှိရာ တပ်စခန်းများသို့ KIA မှ ဝင်ရောက် ထိုးစစ်ဆင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိ ရှိကြောင်းလည်း သိရသည် ။

April 29, 2026
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းအပတ်စဉ် ၁ ကနေ အိမ်ပြန်လာနိုင်တဲ့တပ်သားအရေအတွက် ၂,၀၀၀ လောက်ပဲ...
April 25, 2026
ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက် ပထမဦးဆုံးအကြိမ် အရေးပေါ် အခြေအနေ ကြေညာချက်ထုတ်ပြန်တဲ့အထဲ...
April 24, 2026
ကချင်ပြည်နယ် ဖားကန့်မြို့ နယ် လုံးခင်းကျေးရွာက ဆေးရုံတစ်ခုမှာ ဆရာဝန်တွေနဲ့ သူနာပြုတွေအပါ အယောက်...
April 23, 2026
ကချင်ပြည်နယ် ဖားကန့်ဒေသဘက် စစ်ကော်မရှင်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေ ရှိတဲ့အတွက်...