ရခိုင်ပြည်နယ်ပညာရေးဝန်ထမ်းများအပါအဝင်တစ်ခြားဌာနလက်ကျန်ဝန်ထမ်း ၄၀၀ကျော် ကို တတိယအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်ပညာရေးဝန်ထမ်းများအပါအဝင်တစ်ခြားဌာနလက်ကျန်ဝန်ထမ်း ၄၀၀ကျော် ကို တတိယအသုတ် ကိုဗစ်ကာကွယ်ဆေးထိုးနှံ

ရခိုင်ပြည်နယ်အတွင်းရှိ၊ ပညာရေးဝန်ထမ်းများအပါအဝင် တစ်ခြားဌာနဆိုင်ရာက လက်ကျန် ဝန်ထမ်း ၄၀၀ ကျော်အား ယနေ့ နံနက်က စစ်တွေမြို့၊ အထက(၂) စာသင်ကျောင်းတွင် တတိယ အသုတ်အဖြစ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သတင်းရရှိသည်။

အထက ကျောင်းများတွင် တာဝန်ထမ်းဆောင်နေသော ပညာရေး ဝန်ထမ်းများအား ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း၊ တစ်ခြားဌာနဆိုင်ရာ လက်ကျန်ဝန်ထမ်းများလည်း ကာကွယ်ဆေးထိုးရန် လာရောက်ကြောင်း အထက (၂) ကျောင်းအုပ်ဆရာကြီး ဦးမောင်ကျော်ဇံက ပြောသည်။

“ကိုဗစ်ကာကွယ်ဆေးထိုးနေတာတော့ ကြာပါပြီ။ တစ်ပတ်၊ နှစ်ပတ် လောက်ရှိပြီ။ ဒီနေ့မှာတော့ အထကကျောင်းအားလုံးကိုထိုးတယ်။ နောက်ပြီးတော့ တခြားဌာနတွေက လက်ကျန် ဝန်ထမ်းတွေလည်း ထိုးဖို့လာကြပါတယ်။ အမှန်မှာတော့ ဒီနေ့မှာ ပညာရေးဝန်ထမ်း အထက ကျောင်းတွေက ဆရာ၊ ဆရာမတွေထိုးရမယ့်နေ့ဖြစ်တယ်” ဟု ပြောသည်။

ဒုတိယအသုတ် အဖြစ် ဆေးလုံးရေ ၃၆၀၀၀ မတ်လ ၇ ရက်နေ့ စစ်တွေသို့ ရောက်ရှိလာခဲ့သည်ဟု ကျန်းမာရေးဌာနတွင် လုပ်ကိုင်နေသူ တစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်ထဲက ကျန်းမာရေးဝန်ထမ်းပေါင်း ၄၄၀၀ ကျော် အတွက် စစ်တွေမြို့ကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ ပထမအသုတ် ဆေးများရောက်ရှိခဲ့ပြီး ဇန်နဝါရီ ၂၇ ရက်နေ့ကနေ ၂၈ ရက်နေ့များတွင် ဦးစားပေးအနေဖြင့် ကျန်းမာရေး ဝန်ထမ်းများကို ထိုးပေးခဲ့ကြောင်း သိရသည်။

ဒုတိယ အသုတ် အဖြစ် ခရိုင်အဆင့် ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခဲ့သော ဌာဆိုင်ရာများမှာ ပညာရေးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ စက်မှုကြီးကြပ်ရေးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဦးစီးဌာန၊ စားသုံးသူဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၊ ခရိုင်ရွေးကောက်ပွဲမရှင်၊ လဝက ဦးစီးဌာန၊ သာသနာရေးဦးစီးဌာန၊ အလုပ်သမားဦးစီးဌာန၊ ခရိုင်စာရင်းစစ်ဦးစီးဌာန စသည့် ဌာနဆိုင်ရာ အသီးသီးတို့ ပါဝင်သည်ဟု သိရသည်။

 

April 11, 2026
ကျော်သီဟ — ဧပြီလ ၁ဝ ရက်တွင်ကျရောက်သည့် အာရက္ခတပ်တော် (AA) တည်ထောင်ခြင်း (၁၇) နှစ်မြောက်နေ့သို့...
April 10, 2026
နှင်းနွယ်နီ — ရခိုင်ပြည်၊ မြို့တော်စစ်တွေမြို့ရှိ ထောင်အနီးနှင့် သံတော်လီရွာဝင်ဝအနီးတို့တွင်...
April 9, 2026
ခိုင်လူလှ (ရိုးမမြေ) — ကျောက်ဖြူမြို့နယ်တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှုများနေသဖြင့်...
April 8, 2026
မောင်စာဂ — အကြမ်းဖက်စစ်ကော်မရှင်ထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့နယ်ရှိ ပင်လယ်ပြင်တွင်...