EPN သတင်းမီဒီယာကွန်ရက်က သတင်းလွဲမှားဖော်ပြခဲ့မှုအတွက် ကျားနီပါတီ(TNDP)ကို ပြန်တောင်းပန်

EPN သတင်းမီဒီယာကွန်ရက်က သတင်းလွဲမှားဖော်ပြခဲ့မှုအတွက် ကျားနီပါတီ(TNDP)ကို ပြန်တောင်းပန်

EPN သတင်းမီဒီယာကွန်ရက်က ဆက်သွယ်မေးမြန်းမှုကဏ္ဍတွင် ကျားနီပါတီကို ဆက်သွယ်မေးမြန်းခဲ့ခြင်းမရှိ ဘဲ မှားယွင်းဖော်ပြခဲ့မှုကို EPN  ယနေ့တွင် တောင်းပန်ရှင်းလင်းမှုပြုလုပ်ခဲ့သည်။

ထိုပွဲကို မိုးညှင်းမြို့ရှိ ကျားနီပါတီရုံးတွင် မတ်လ(၆) ရက်နေ့ နေ့လည်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံရေးပါတီ တချို့နှင့် ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။

“ သတင်းဖော်ပြမှုက ကျွန်တော်တို့ ရှမ်းနီတွေ စိတ်ဝမ်းကွဲခဲ့ရတယ် ။ ကျွန်တော်တို့ကို လိုင်းပေါ်မှာလည်းပြောသလို လူကိုယ်တိုင်လည်း ဖုန်းဆက်ပြောတာရှိတယ်။ ပါတီက နှုတ်ထွက်မယ်လို့ ပြောတဲ့သူလည်း အဲ့တာ ငါမဟုတ်ဘူးလို့ မည်မျှပင်ပြောစေကာမူ မယုံကြဘူး ၊ ဒီကိစ္စ အားလုံးကိုလည်း ခေါ်ပြီးပြောပေးပါမယ့်လို့ ကတိပေးခဲ့ တယ်” ဟု ကျားနီပါတီ ဥက္ကဌ ဦးစိုင်းဌေးအောင်က ဆိုသည်။

ထိုမှားယွင်းခဲ့သည့် သတင်းကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ဖော်ပြခဲ့ပြီးနောက်  တောင်းပန်စာကိုလည်း ထိုနေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။

၎င်းတို့ သတင်းမီဒီယာကွန်ရက်က တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းမှုသည် ကျားနီပါတီမဟုတ်ပဲ တခြားသော UEC ဖိတ်ကြားသည့် ပွဲကို တက်ရောက်ခဲ့သည့် နိုင်ငံရေးပါတီမှ ဥက္ကဌ သာဖြစ်ပြီး မှားယွင်းဖော်ပြခဲ့ သည်ဟု  အယ်ဒီတာချုပ် ကိုမင်းမင်းဦးက ဆိုသည်။

ထာဝရငြိမ်းချမ်းရေး သတင်းကွန်ရက် ( EPN) သည်ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် အခြေစိုက်သည့် သတင်း မီဒီယာကွန်ရက်တစ်ခုလည်းဖြစ်သည်။

July 4, 2026
ပြည်တွင်း၌ ဓာတ်ဆီနှင့် ဒီဇယ်တစ်လီတာလျှင် ကျပ် ၃,၀၀၀ ကျော်အထိ ဈေးနှုန်းများ ကျဆင်းနေသော်လည်း...
၂၀၂၅ ခုနှစ်က ဧရာဝတီမြစ်ကိုဆန်တက်တဲ့ စက်လှေများကို MDY PDF တပ်က တိုက်ခိုက်စဉ်/ Credit
July 2, 2026
ဧရာဝတီမြစ်ကြောင်းတစ်လျှောက်နဲ့ မြစ်ကမ်းဘေး ၅ မိုင်အတွင်း နေထိုင်တဲ့ စစ်ကိုင်းတိုင်း၊...
July 1, 2026
ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ...
June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...