မော်လမြိုင်မှ ရန်ကုန်သွားမည့်လူစီးရထား ဆန္ဒပြပြည်သူများပိတ်ဆို့သဖြင့် ဘူတာပြန်ဝင်လာရ

မော်လမြိုင်မှ ရန်ကုန်သွားမည့်လူစီးရထား ဆန္ဒပြပြည်သူများပိတ်ဆို့သဖြင့် ဘူတာပြန်ဝင်လာရ

နေ့စဉ်ပုံမှန်ပြေးဆွဲနေသော မော်လမြိုင်-ရန်ကုန် အမှတ် ၉၀ လူစီးရထားကို ယနေ့နံနက်ပိုင်းက ဆန္ဒပြပြည်သူများပိတ်ဆို့သဖြင့် ရန်ကုန်မြို့သို့ ဆက်လက်ထွက်ခွာမရဖြစ်နေသည့်အတွက် မော်လမြိုင်ဘူတာကြီးသို့ ပြန်လည်ဝင်ရောက်လာရကြောင်း သတင်းရရှိသည်။

“ရထားက မနက် ၈ နာရီ ၅၀ မိနစ်လောက်မှာ မော်လမြိုင်ဘူတာကနေ ထွက်တယ် မီးရထားဝန်ထမ်းနေရာ သံလမ်းချိုးတဲ့နေရာလောက်မှာ လူအုပ်ကြီးက တားတာပေါ့ တဖြည်းဖြည်းနဲ့ လူတွေဝိုင်းလာတယ်အများကြီး  ရထားဆက်သွားလို့မဖြစ်တော့ဘူး မနက် ၁၁ နာရီခွဲလောက်မှာ ဘူတာထဲပြန်ဝင်လာပါတယ်” ဟု မီးရထားဝန်ထမ်းတစ်ဦးက မွန်သတင်းအေဂျင်စီကိုပြောသည်။

မော်လမြိုင်မြို့ရှိ မီးရထားဝန်ထမ်းလောကတွင် သုံးပုံနှစ်ပုံခန့် CDM သပိတ်ဝင်ထားသည်ဟု ၎င်းကဆိုသည်။

“ကျနော်က ပင်စင်လျှောက်ထားဆဲမို့ CDM မဝင်ပါဘူး၊ အလုပ်ပြုတ်မှာစိုးလို့ပါ၊ ဟု အဆိုပါ မီးရထားဝန်ထမ်းတစ်ဦးက ဆက်ပြောသည်။

အလားတူ မော်လမြိုင်မြို့ပေါ်နှင့် မွန်ပြည်တဝန်းရှိ ပုဂ္ဂလိကဘဏ်ခွဲများအားလုံးပိတ်ထားလိုက်ကြောင်း သိရသည်။

မော်လမြိုင်မြို့အပါအဝင် မွန်ပြည်နယ်အတွင်းရှိ နယ်မြို့များအားလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများ နေ့စဉ်ဆက်လက်ဖြစ်ပေါ်လျှက်ရှိကြောင်း သတင်းရရှိသည်။

May 20, 2026
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်ကျေးရွာမှ ရေလုပ်သားအဖွဲ့များ ငါးဖမ်းရာသီရပ်နားထားသဖြင့် ...
May 19, 2026
မွန်ပြည်နယ်တွင် ကွမ်းသီးအနု ဈေးကောင်းရရှိနေခြင်းကြောင့် အသီးခူဆွတ်ရောင်းချမှုများ၍ ရေရှည်တွင်...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...
May 18, 2026
မွန်ပြည်နယ်အတွင်း၊ မြို့နယ်အလိုက် ရပ်ကွက်(သို့) ကျေးရွာအုပ်ချုပ်ရေးမှူးများ...