ဘဏ်များ ယာယီပိတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံ

ဘဏ်များ ယာယီပိတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံ

မြန်မာနိုင်ငံတွင် တပ်မတော်မှအာဏာသိမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ဘဏ်အချို့ကို ယာယီပိတ်ထားကြပြီး ရခိုင်ပြည်နယ်တွင်လည်း ယင်းသို့ဘဏ်များပိတ်ထားသည့်အတွက် ဒေသခံများအနေဖြင့် ငွေလွှဲငွေထုတ်ရန် အခက်အခဲဖြစ်နေကြကြောင်း သိရသည်။

စစ်တွေမြို့ရှိ ဧရာဝတီဘဏ်ကို ဖေဖေါ်ဝါရီ ၈ ရက်နေ့မှစ၍ အထက်လူကြီးများ၏ညွှန်ကြားချက်ဖြင့် ယာယီ ပိတ်ထားခဲ့ပြီး ယနေ့(ဖေဖေါ်ဝါရီလ ၁၁ ရက်)နေ့အထိ ပြန်မဖွင့်သေးကြောင်း ယင်းဘဏ်မှ တာဝန်ရှိသူက ပြောသည်။

“ရန်ကုန်မှာ ဆန္ဒပြကြတဲ့နေ့ကစလို့ပိတ်တာပါ။ ဘာကြောင့်ပိတ်လိုက်တယ်ဆိုတာလည်း မသိဘူး။ အထက် ညွှန်ကြားချက်အရ ပိတ်လိုက်တာပေါ့နော်။ ဘယ်အချိန် ပြန်ဖွင့်မယ်ဆိုတာလည်းမသိပါဘူး။ ရုံးချုပ်က ပြန်ဖွင့်ရမယ့်နေ့ကို စာထုတ်ပြန်တဲ့အခါကျမှပြန်ဖွင့်တော့မယ်” ၎င်းကဆိုသည်။

လက်ရှိနိုင်ငံရေးအခြေအနေကြောင့် ဖေဖော်ဝါရီ ၁၀ ရက်နေ့မှစတင်ပြီး ဘဏ်ကိုယာယီပိတ်ထားရန် ဘဏ်ရုံးချုပ်မှညွှန်ကြားလာကြောင်း မြောက်ဦးမြို့၊ ကမ္ဘာ့ရတနာဘဏ်မှ ဝန်ထမ်းတစ်ဦးကပြောသည်။

“ပြည်မဘက်တွေမှာ ဆန္ဒပြနေကြလို့ အဲ့ဒီဘက်မှာ ဘဏ်တွေပိတ်ထားတယ်။ အဲဒါကြောင့် ကျနော်တို့ ရခိုင်ဖက်မှာ ငွေလွှဲတဲ့အခါကျရင် အဆင်မပြေတာတွေဖြစ်တယ်။ ဒါကြောင့် အခြေအနေအရ ပိတ်ထားတာ ဖြစ်နိုင်ပါတယ်” ဟု ၎င်းကဆိုသည်။

ဘဏ်များကိုပိတ်ထားသည့်အတွက် ဒေသခံများမှာ ငွေလွှဲ၊ငွေထုတ်ရာ၌ အခက်အခဲဖြစ်သဖြင့် စီးပွားရေးတွင် ငွေလည်ပတ်ရန်လည်း အခက်အခဲဖြစ်နေသည်ဟု စစ်တွေမြို့ဒေသခံတစ်ဦးဖြစ်သူ ဦးဦးဖိုးတင်က ပြောသည်။

“ကျနော်တို့မှာ ၂ ရက် တစ်ကြိမ်လောက် ပိုက်ဆံလွှဲ၊ထုတ်လုပ်နေရတာ။ တနင်္လာနေ့လောက်ကတည်းက ငွေထုတ်လို့မရဘူး။ ဒီနေ့ပိုက်ဆံထုတ်လို့ရမလားသွားကြည့်တော့လည်း မရသေးဘူး။ ကျနော်တို့ စီးပွားရေးသမားတွေအတွက် အခက်အခဲဖြစ်ပါတယ်။ ငွေလည်ပတ်မှု နည်းသွားတာပေါ့” ဟု ဆိုသည်။

April 23, 2026
ရခိုင်ပြည်အတွင်း စမ်းသပ်စိုက်ပျိုးနေကြသည့်  ကြက်သွန်စိုက်ခင်းများမှာ ဖြစ်ထွန်းမှုရှိနေပြီး...
April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...