ကချင်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးဒါရှီလဆိုင်းအား ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်ဟုဆို

ကချင်ပြည်နယ် သယံဇာတနှင့် သဘာ၀ပတ်၀န်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဦးဒါရှီလဆိုင်းအား ရဲတပ်ဖွဲ့မှ လာရောက်ခေါ်ဆောင်ဟုဆို

ကချင်ပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းအား ယနေ့ည (၇) နာရီ အချိန်ခန့်တွင် ရဲတပ်ဖွဲ့မှ ခေတ္တလိုက်ခဲ့ရန် ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

မြစ်ကြီးနားမြို့၊ ဒူကထောင်ရပ်ကွက်ရှိ ဦးဒါရှီလဆိုင်း ၏နေအိမ်သို့ ရဲတပ်ဖွဲ့၀င် (၅)ဦးနှင့်အတူ အရပ်ဝတ်စုံဝတ်ထားသည့် အမျိုးသား ၄ ဦးခန့် ရောက်ရှိလာပြီး ရဲကားများဖြစ်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ၀န်ကြီး၏ ဇနီးဖြစ်သူကပြောသည်။

"ဘာမှပါမသွားဘူး။ သူ့ဝတ်ထားတဲ့အဝတ်နဲ့ပဲလိုက်သွားတာ။ ဘယ်ကိုခေါ်သွားမယ်ဆိုတာတော့ မပြောဘူး။ ကျွန်မအထင် စစ်တပ်ဘက်ကို ခေါ်သွားလောက်တယ်။" ဟု အထက်ပါ အမျိုးသမီးက ရှင်းပြသည်။

ဦးဒါရှီလဆိုင်းသည် ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ယနေ့ရက်စွဲဖြင့်  ၀န်ကြီးချုပ်ကိုယ်စား ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး ယင်းကြေညာချက်တွင် ကချင်ပြည်နယ်အစိုးရအဖွဲ့အောက်ရှိ ဦးစီးဌာန အဖွဲ့အစည်းများနှင့် လက်အောက်ခံရုံးဌာန အသီးသီးမှ  သက်ဆိုင်ရာ အရာရှိ/အရာထမ်းများအားလုံး အစိုးသစ်ဖွဲ့စည်းပြီးသည်အထိ ရုံးပိတ်ရက် သတ်မှတ်ကြောင်း၊ တပ်မတော်မှ ဥပဒေမဲ့ အာဏာသိမ်းခြင်းအပေါ် ရဲ၀င့်စွာဖီဆန်၍ ဆုံးဖြတ်ချက်ပြတ်သားသူ ပြည်သူ့၀န်ထမ်းများအား အလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုကြောင်း ပါရှိသည်။

June 25, 2026
အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့...
June 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့...
Photo Credit- Original Owner
June 23, 2026
ဖားကန့်ကျောက်စိမ်းတွင်ဒေသမှာ ရေကြီးရေလျှံမှုဒဏ်နဲ့ ကြုံတွေ့နေရပြီး ရေဘေးသင့်ပြည်သူတွေအပြင်...
June 22, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းတာတွေကြောင့် ဖားကန့်မြို့ပေါ်က...